- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း ဘဏ္ဍာငွေထောက်ပံ့ခဲ့သူ တရားခံပြေးအား ပြင်သစ်နိုင်ငံတွင် ဖမ်းမိ
၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုတွင် အဓိက အလိုရှိသော တရားခံပြေးများထဲမှ အသက် ရှင်လျက်ကျန်ရှိသူတစ်ဦးဖြစ်သည့် ဖလီစီယန်ကဘူဂါ ကို ပြင်သစ်အစိုးရက စနေနေ့တွင် ဖမ်းဆီးရမိ ခဲ့သည်။ ၂၅ နှစ်ခန့် ကြာထွက်ပြေး လွတ်မြောက်ပြီးနောက် ယင်းသည် နိုင်ငံတကာ ခုံရုံးတွင် ရုံးတင် စစ်ဆေးခံရတော့မည်ဖြစ်သည်။
18 May 2020
၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုတွင် အဓိက အလိုရှိသော တရားခံပြေးများထဲမှ အသက် ရှင်လျက်ကျန်ရှိသူတစ်ဦးဖြစ်သည့် ဖလီစီယန်ကဘူဂါ ကို ပြင်သစ်အစိုးရက စနေနေ့တွင် ဖမ်းဆီးရမိ ခဲ့သည်။ ၂၅ နှစ်ခန့် ကြာထွက်ပြေး လွတ်မြောက်ပြီးနောက် ယင်းသည် နိုင်ငံတကာ ခုံရုံးတွင် ရုံးတင် စစ်ဆေးခံရတော့မည်ဖြစ်သည်။
တစ်ချိန်က ရဝမ်ဒါတွင် အချမ်းသာဆုံးတစ်ဦးဖြစ်သူ ကဘူဂါသည် ပါရီဆင်ခြေဖုံးတွင် အမည် ဝှက်ဖြင့် နေထိုင်နေခြင်းဖြစ်ကြောင်း အစိုးရရှေ့နေရုံးနှင့် ရဲတပ်ဖွဲ့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့ဝင်များသည် အရုဏ်တက်ချိန်တွင် ၎င်းအိမ်ကို လျှပ်တစ်ပြက်ဝင်ရောက်စီးနင်းခဲ့ပြီး တရား စီရင်ရေးအာဏာပိုင်များ နှစ်ပေါင်း ၂၅နှစ်ကြာမျှ အလိုရှိနေသည့် အသက် ၈၄ နှစ်အရွယ် တရားခံကို ရှာဖွေတွေ့ရှိခဲ့သည်။
၁၉၉၄ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုအတွင်း ဟူတူလူမျိုး အစွန်းရောက်များသည် တွတ်စီလူမျိုးနှင့် မျှတသောအမြင်ရှိသည့် ဟူတူလူမျိုး ၈၀၀,၀၀၀ ခန့်အား ရက်ပေါင်း ၁၀၀ ကျော်အတွင်း သတ်ဖြတ်ခဲ့သည်။
ကဘူဂါအား ပါရီမြောက်ပိုင်းရှိ အင်ညာစာစိန်း အရပ်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းသည် သူ့သားသမီးများ၏ အကူအညီဖြင့် ကိုယ်ယောင်ဖျောက် ပုန်းအောင်းနေခြင်းဖြစ်သည်။
၎င်းအား “ကမ္ဘာ့ အလိုအရှိဆုံး ဝရမ်းပြေးများထဲမှ တစ်ဦး” ဟု ရဲတပ်ဖွဲ့အစီရင်ခံစာတွင် ဖော်ပြထား သည်။
အဆိုပါသတင်းအား ရဝမ်ဒါနိုင်ငံတွင် တခမ်းတနား ဖော်ပြ၍ အောင်ပွဲခံကြိုဆိုကြသည်။
“ဖလီစီယန်ကဘူဂါကို ဖမ်းမိခြင်းကို ကြိုဆိုပြီး တရားမျှတမှုအတွက် ချီးကျူးထိုက်တဲ့ လုပ်ရပ် ဖြစ် ပါတယ်။ မျိုးတုန်းသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ခဲ့တဲ့ ကျွန်တော်တို့လို ထိခိုက်ခံစားရတဲ့ လူတွေ အတွက် သူ့ကို ပြည်နှင်ဒဏ်ပေးပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ရဝမ်ဒါနိုင်ငံမှာ ရုံးတင်ခံရဖို့ ဆန္ဒရှိပါတယ်” ဟု ဘူကုအသင်းအကြီးအကဲဖြစ်သူ ဂျင်းပီယာဒူဇင်ဂီဇန်မန်ဂူ က AFP သို့ ပြောကြား ခဲ့သည်။