- စစ်ရေးပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးရန်အသင့်ရှိကြောင်း TNLA ထုတ်ပြန်
- ပိုးသတ်ဆေး မဖျန်းနိုင်၍ ရခိုင်က ဆောင်းသီးနှံစိုက်ခင်းများ ပျက်စီးမှုရှိလာ
- AA ထိုးစစ်ကြောင့် ချင်းကုန်းရွာအနီးက စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး
- ဖားကန့်တွင် ကျောက်လုပ်ကွက်များ ပိတ်ထား၍ ရွှေ့ပြောင်းလုပ်သားများ အခက်အခဲဖြစ်
- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
မြောက်ကိုရီးယားခြိမ်းခြောက်မှုနှင့် ပတ်သက်၍ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ အနီးကပ်ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူ
အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြသခဲ့ကြပြီး ပြုံယမ်း၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖြေရှင်းရာတွင် အနီးကပ်ပူးပေါင်း ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Jul 2022
ဇူလိုင် ၃ရက်
အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြသခဲ့ကြပြီး ပြုံယမ်း၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖြေရှင်းရာတွင် အနီးကပ်ပူးပေါင်း ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မက်ဒရစ်တွင် ကျင်းပသည့် နေတိုးအစည်းအဝေးတွင် ဇွန်လ ၂၉ ရက်နေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ ဂျပန်ဝန်ကြီးချုပ် ဖူမိအိုကိရှိဒနှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုတို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများသည် တိုးတက်လျက်ရှိပြီး ကိုရီးယားကျွန်းဆွယ် အတွက်သာမက အရှေ့အာရှနှင့် တစ်ကမ္ဘာလုံးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေသည်ကို ခေါင်းဆောင်များအကြား သဘောတူလက်ခံခဲ့ကြကြောင်း သတင်းတွင် ဖော်ပြသည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှုများ အများအပြား ဆောင်ရွက်နေပြီး နောက်ထပ် နျူကလီးယားစမ်းသပ်မှုတစ်ခု ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟုလည်း အချို့က ယူဆထားကြသည်။
နိုင်ငံခေါင်းဆောင်သုံးဦးသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအပေါ် တုံ့ပြန်ရာတွင် ထပ်တိုးအင်အားချဲ့ထွင်မည့် နည်းလမ်းများ ရှာဖွေရန် သဘောတူညီခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်များတွင် အမေရိကန်၏ စစ်ရေးအင်အား၊ အထူးသဖြင့် နျူကလီးယားအင်အားနှင့်အတူ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်သည်။
တောင်ကိုရီးယားနှင့် ဂျပန်ခေါင်းဆောင်တို့သည် နေတိုးအဖွဲ့၏ နှစ်ပတ်လည် ထိပ်သီးညီလာခံတွင် လေ့လာသူများအဖြစ် ပထမဆုံးအကြိမ် တက်ရောက်နေကြခြင်း ဖြစ်သည်။
ဂျပန်နှင့် တောင်ကိုရီးယားအကြား ဆက်ဆံရေးသည် ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တို့ ၁၉၁၀ မှ ၁၉၄၅ အထိ သိမ်းပိုက်ခဲ့မှုအပေါ် လက်ရှိအထိ မကြေမလည်ဖြစ်လျက်ရှိသည်။ တောင်ကိုရီးယား၏ ယခင်သမ္မတ မွန်းဂျေအင်းလက်ထက်တွင် နယ်မြေအရေးနှင့် သမိုင်းကြောင်းကိစ္စရပ်များကြောင့် နှစ်နိုင်ငံဆက်ဆံရေးသည် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိခဲ့သည်။