- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
သမ္မတဘိုင်ဒန်၏ အရှေ့အလယ်ပိုင်းခရီးစဉ်တွင် အငြင်းပွားဖွယ် ဆော်ဒီခေါင်းဆောင်နှင့် တွေ့ဆုံမည်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်နှင့် တွေ့ဆုံမည့်အစီအစဉ်ပါဝင်သည့် အစ္စရေးနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့သို့ တိုက်ရိုက်လေယာဉ်ခရီးစဉ်ဖြင့် ရှေ့လတွင်သွားရောက်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Jun 2022
DMG ၊ ဇွန် ၁၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်နှင့် တွေ့ဆုံမည့်အစီအစဉ်ပါဝင်သည့် အစ္စရေးနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့သို့ တိုက်ရိုက်လေယာဉ်ခရီးစဉ်ဖြင့် ရှေ့လတွင်သွားရောက်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရသည် အစ္စရေး၊ ပါလက်စတိုင်းအနောက်ဘက်ကုန်းမြေနှင့် ဆော်ဒီ အာရေဗျ တို့သို့ ဇူလိုင် ၁၃ မှ ၁၆ ရက်နေ့အတွင်း သမ္မတဘိုင်ဒန်သွားမည် ဖြစ်ကြောင်း ကြေညာပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာကြာသည့် စုံစမ်းစစ်ဆေးမှုများကို အင်္ဂါနေ့က အဆုံးသတ်ခဲ့သည်။
ယခုခရီးစဉ်သည် အရှေ့အလယ်ပိုင်းဒေသသို့ သမ္မတအဖြစ် ပထမဆုံးလာရောက်ခြင်း ဖြစ်ပြီး ထိုနေရာများမှ ခေါင်းဆောင်များနှင့် သီးခြားစီ တွေဆုံသွားမည်ဖြစ်သည်။ ဆော်ဒီအာရေဗျတွင် ကျင်းပမည့် ဒေသတွင်းနိုင်ငံများဆိုင်ရာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ထိပ်သီးအစည်းအဝေးတစ်ခု တက်ရောက်သွားမည်ဖြစ်သည်။
ဘိုင်ဒန်အနေဖြင့် ဆော်ဒီရေနံတိုးမြင့်ထုတ်လုပ်ရေးအတွက် စိတ်ချသေချာလိုသည့် မျှော်လင့်ချက် ရှိနေပြီး လောင်စာဆီဈေးနှုန်းနှင့် ၎င်း၏ သမ္မတသက်တမ်းတဝက် ရောက်ချိန် အထက်လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲများတွင် ဒီမိုကရက်တစ်ပါတီအနေဖြင့် ခွက်ခွက်လန်ရှုံးနိုင်သည့် အန္တရာယ်ရှိနေသည့်အတွက် ရွေးကောက်ပွဲများမတိုင်မီ ပြည်တွင်း ငွေကြေးဖောင်းပွမှုနှင့် လောင်စာဆီများ မြင့်တက်လာမှုကို ကိုင်တွယ်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း လူအများအကြား ကျယ်ပြန့်စွာ မျှော်လင့်သုံးသပ်မှုရှိနေသည်။
မည်သည့်ရလဒ်ထွက်သည်ဖြစ်စေ အိမ်ရှေ့မင်းသားနှင့်တွေ့ဆုံမှုသည် အငြင်းပွားဖွယ်ရာ မူဝါဒ ပြောင်းလဲမှုတစ်ခုအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။
ဝါရှင်တန်ပို့စ် သတင်းစာတွင် ဆော်ဒီအုပ်ချုပ်သူများအကြောင်း ဝေဖန်ရေး ဆောင်းပါးများ ရေးသားမှုဖြင့် အမေရိကန်နိုင်ငံတွင် နေထိုင်သူတစ်ဦးဖြစ်သည့် ဆော်ဒီဖွား ဂျမဲလ် ကာရှိုဂီကို ၂၀၁၈ ခုနှစ်တွင် သတ်ဖြတ်မှုနှင့် ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများဖြတ်တောက်မှုသည် ဆော်ဒီနိုင်ငံကို “ဂုဏ်သိက္ခာကျဆင်းစေပြီး အရိုအသေမဲ့စေသည့်” နိုင်ငံတစ်ခု အဖြစ်ဖန်တီးခဲ့ကြောင်း သမ္မတ ဘိုင်ဒန် သမ္မတရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်စဉ်က ပြောကြားခဲ့ဖူးသည်။
ဘိုင်ဒန်အစိုးရထုတ်ပြန်ထားသည့် အမေရိကန်ထောက်လှမ်းရေး တွေ့ရှိချက်များတွင် အိမ်ရှေ့ မင်းသားကို စစ်ဆင်ရေး၏ အဓိကဦးဆောင်သူအဖြစ် ဖော်ပြထားသည်။
အိမ်ဖြူတော်အနေဖြင့် “စွမ်းအင်ဖူလုံရေး”သည် ဆော်ဒီတွင် ဆွေးနွေးမည့် အကြောင်းအရာ တစ်ခုဖြစ်ကြောင်း အတည်ပြုထားပြီး ခရီးစဉ်တစ်ခုလုံးသည် ပိုမိုကျယ်ပြန်သည့် သံတမန်ရေးရာ တိုးတက်မှုများကို ဦးတည်ကြောင်းလည်း အလေးပေး ပြောကြားထားသည်။