- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာနိုင်ငံမှ လာရောက်မည့်သူများအား စင်္ကာပူသို့ ဝင်ခွင့်ပိတ်
၂၁ ရက်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားထားသည့် ကာလတို-ကာလရှည် ဗီဇာသက်တမ်း ကိုင်ဆောင်ထားသူများ အားလုံးကို စင်္ကာပူသို့ ဝင်ရောက်ခွင့် သို့မဟုတ် ခရီးတစ်ထောက် နားခွင့် ပြုမည်မဟုတ်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
14 Jul 2021

DMG၊ ဇူလိုင် ၁၄
၂၁ ရက်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားထားသည့် ကာလတို-ကာလရှည် ဗီဇာသက်တမ်း ကိုင်ဆောင်ထားသူများ အားလုံးကို စင်္ကာပူသို့ ဝင်ရောက်ခွင့် သို့မဟုတ် ခရီးတစ်ထောက် နားခွင့် ပြုမည်မဟုတ်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၁၄) ထုတ်ပြန်လိုက်သည်။
ဤတားမြစ်ချက်သည် ဇူလိုင်လ ၁၅ ရက်နေ့ ညဉ့် ၁၁ နာရီ ၅၉ မိနစ်တွင် စတင်အသက်ဝင်မည် ဖြစ်ကာ နောက်ထပ်တစ်စုံတစ်ရာ ထုတ်ပြန်ချက် မရှိမချင်း အတည်ဖြစ်သည်။
ယခုတားမြစ်မိန့်၌ ၂၁ ရက်အတွင်း မြန်မာနိုင်ငံ၌ ခရီးတစ်ထောက် ဝင်နားခဲ့သူများ၊ ဤအမိန့်မထွက်မီတည်းက စင်္ကာပူသို့ ဝင်ရောက်ခွင့် ရထားသူများလည်း အကျုံးဝင်မည် ဖြစ်သည်။
မြန်မာနိုင်ငံသို့ ခရီးသွားထားပြီး စင်္ကာပူ၌ ၁၄ ရက်တာ အိမ်တွင်း ကွာရန်တင်းဝင်နေရသူများသည် ၃၊ ၇၊ ၁၁၊ ၁၄ ရက်မြောက် နေ့များတွင် စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှုများသည် ယခုသီတင်းပတ်အတွင်း နေ့စဉ်နှင့်အမျှ မြင့်တက်လျှက်ရှိသည်။
အင်္ဂါနေ့အစောပိုင်း ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀၄၇ ဦး၊ သေဆုံးသူ ၁၀၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၁၃ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။