- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားကြေညာ
မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မြောက်ကိုးရီးယားနိုင်ငံပိုင် သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
30 Sep 2021

DMG ၊ စက်တင်ဘာ ၃၀
မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း မြောက်ကိုးရီးယားနိုင်ငံပိုင် သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
ဤစမ်းသပ်မှုသည် နျူကလီးယားလက်နက် ပိုင်ဆိုင်ထားသော မြောက်ကိုရီးယားနိုင်ငံအနေဖြင့် လက်နက်နည်းပညာတွင် နောက်ဆုံးပေါ် အဆင့်မြင့်တိုးတက်မှုတစ်ခု ဖြစ်နိုင်ကြောင်း ထိုသတင်းဌာနက ဆိုထားသည်။
မြောက်ကိုရီးယားသည် ၎င်း၏ ကာကွယ်ရေးစွမ်းအားကို အဆပေါင်းတစ်ထောင်အထိ တိုးမြှင့်အောင် ကြိုးပမ်းရာတွင် "အင်္ဂါနေ့၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုက စစ်မဟာဗျူဟာဆိုင်ရာအရေးပါမှု ဖြစ်စေခဲ့သည်” ဟု တရားဝင် ကိုးရီးယားဗဟိုသတင်းဌာနက ကြေညာခဲ့သည်။
ဟိုက်ပါဆိုးနစ် ဒုံးကျည်များသည် အသံထက်ငါးဆအထိ ပိုမိုမြန်ဆန်နိုင်ပြီး သာမန်ဒုံးကျည်များထက် လှုပ်ရှားမှု မြန်ဆန်ကြသောကြောင့် ဒုံးကျည်ကာကွယ်ရေးစနစ်များမှာ ၎င်းတို့ကိုခုခံရင်ဆိုင်ရန် ပိုမိုခက်ခဲစေသည်။
အမေရိကန်ပြည်ထောင်စုသည် အဆိုပါ ဒုံးကျည်ကာကွယ်ရေးစနစ်အတွက် ဘီလီယံပေါင်းများစွာ အကုန်အကျခံသုံးစွဲလျက်ရှိသည် ဟု AFP ကဖော်ပြထားသည်။
ဒုံးကျည်၏ တည်နေရာထိန်းချုပ်မှု၊ တည်မြဲမှုတို့နှင့်အတူ ဗျူဟာကျကျလမ်းကြောင်းနိုင်မှု အသံထက်ပိုမြန်ကာ အရှင်တပ်ထားသည့် အင်ဂျင်မဲ့ ဒုံးကျည်ထိပ်ဖူး နှင့် စက်ယန္တရားတို့၏ စက်မဲ့ပျံသန်းခြင်း ထူးခြားချက်များကို ဂျက်ဂန်းပြည်နယ်မှ လွှတ်တင်မှုက အတည်ပြုခဲ့ကြောင်း မြောက်ကိုရီးယား သတင်းဌာန (KCNA) ၏ ဖော်ပြချက်အရ သိရသည်။
" နည်းပညာပိုင်းဆိုင်ရာ အသေးစိတ်ဖော်ပြချက်များ အားလုံးမှာ ဒုံးကျည်ဒီဇိုင်းပိုင်း ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စမ်းသပ်ချက် ရလဒ်များက သက်သေပြနေသည်" ဟု ၎င်းသတင်းဌာနက ထပ်လောင်းပြောကြားခဲ့သည်။
နံနက်ခင်းကောင်းကင်ကို ထိုးဖောက်၍ ပျံသန်းနေသော ဒုံးကျည်ထိပ်ပိုင်း၏ အခြေတွင် ပဲ့ထိန်း အမြီးတစ်စုံ ပါ ရှိသော ဒုံးကျည်၏ ဓာတ်ပုံကို Rodong Sinmum သတင်းစာတွင် ဖော်ပြထားသည်။