ဖိလစ်ပိုင်မီးတောင် ပေါက်ကွဲမှုကြောင့် နေရပ်စွန့်ခွာသူ သိန်းချီရှိပြီ

ဖိလစ်ပိုင်တွင် တအားလ် (Taal) မီးတောင်သည် ပိုမိုကြီးမားသော ပေါက်ကွဲမှု ဖြစ်ပေါ်လာနိုင်ခြေ ရှိနေသဖြင့် မီးတောင်အနီးရှိ အန္တရာယ်ကျရောက်နိုင်သော မြို့များအား သွားရောက်ခြင်းကို ကြာသပတေးနေ့တွင် ရဲတပ်ဖွဲ့က ပိတ်ထားလိုက်ပြီဟု AP သတင်းတွင် ဖော်ပြထားသည်။

By Foreign Desk 16 Jan 2020

ပိုမိုကြီးမားသော ပေါက်ကွဲမှု ဖြစ်ပေါ်လာနိုင်ခြေ ရှိနေသဖြင့် မီးတောင်အနီးရှိ အန္တရာယ်ကျရောက်နိုင်သော မြို့များအား သွားရောက်ခြင်းကို ကြာသပတေးနေ့တွင် ပိတ်ထားလိုက်ပြီဖြစ်သည်။ (ဓာတ်ပုံ - AP)

ဖိလစ်ပိုင်တွင် တအားလ် (Taal) မီးတောင်သည် ပိုမိုကြီးမားသော ပေါက်ကွဲမှု ဖြစ်ပေါ်လာနိုင်ခြေ ရှိနေသဖြင့် မီးတောင်အနီးရှိ အန္တရာယ်ကျရောက်နိုင်သော မြို့များအား သွားရောက်ခြင်းကို ကြာသပတေးနေ့တွင် ရဲတပ်ဖွဲ့က ပိတ်ထားလိုက်ပြီဟု AP သတင်းတွင် ဖော်ပြထားသည်။

မီးတောင် အဆက်မပြတ် လှုပ်ခါနေမှုကြောင့် မီးတောင်ဝရှိ ရေကန်နှင့် အနီးမှမြစ်သည်လည်း ရေများခန်းခြောက်သွားပြီ ဖြစ်သည်။ မီးတောင်ပေါက်ကွဲမှု ၅ ရက်ခန့်သာကြာမည်ဟု ခန့်မှန်းထားသော်လည်း အာဏာပိုင်များက လူထုအား လက်ရှိအချိန်အထိ သတိပေးထားထဲ ဖြစ်သည်။

မီးတောင်မှ မှုတ်ထုတ်လျက်ရှိသော ပြာမှုန့်များသည် ယခင်လောက် မပြင်းထန်တော့သော်လည်း လှုပ်ခါခဲ့သော မီးတောင်အရှိန်ကြောင့် ငလျင်လှုပ်ခတ်မှုများနှင့်အတူ ကားလမ်းမများပေါ်တွင်လည်း အက်ကြောင်းများ ပြတ်ရွေ့များ ဖြစ်ပေါ်ခဲ့သည်။ (ဓာတ်ပုံ - AP)

မီးတောင်ရှိရာ ကျွန်းနှင့် အနီးရှိမြို့များသို့ လှေများဖြင့် ပြန်ဝင်ပြီး ကျန်ခဲ့သောပစ္စည်းများအား လာရောက်ယူဆောင်ကြသူများကိုလည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့က တားဆီးထားသည်။

ပြီးခဲ့သော တနင်္ဂနွေနေ့တည်းက မီးတောင်မှမှုတ်ထုတ်လျက်ရှိသော ပြာမှုန့်များကြောင့် အိမ်နှင့် လယ်ယာမြေ အများအပြား ပျက်စီးသွားပြီဖြစ်သည်။ နေရပ်စွန့်ခွာ ရသူ သိန်းချီ ရှိနေပြီဖြစ်သော်လည်း သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု သတင်းများ မရှိသေးပေ။

မီးတောင်တည်ရှိရာကျွန်းအနီးရှိ ကျေးရွာတွင် အပျက်အစီးများကြားမှ ပစ္စည်းများ သိမ်းဆည်းနေကြသည်ကို ဇန်နဝါရီ ၁၄ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - AP)

ပိုပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာနိုင်သောကြာင့် မီးတောင်ကျွန်း ပတ်ပတ်လည် ကမ်းခြေတစ်လျှောက်ရှိ မြို့အနည်းဆုံး လေးမြို့အား ရဲတပ်ဖွဲ့က သွားလာခွင့် ပိတ်ဆို့လိုက်ရာမှ ရွာသားများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်လျက်ရှိသည်။

“ကျွန်မတို့မှာ အကုန်ဆုံးရှုံးသွားပြီ၊ အိမ်လည်းပျက်စီးသွားတယ်၊ ဒါပေမဲ့ ချက်ပြုတ်စားသောက်ဖို့ အိုးခွက်တွေတော့ သွားယူရမယ်လေ။ ဒီလောက်ထိ တင်းကြပ်တာမျိုးတော့ မလုပ်သင့်ဘူး။” ဟု အသက် ၅၅ နှစ်အရွယ် အာလင်ဒါ-လန်ဒီခို က AP သတင်းဌာနသို့ ပြောသည်။

မီးတောင်ရှိရာ ကျွန်းပေါ်မှ ရွာသား ၅,၀၀၀ အပါအဝင် နေရာရွှေ့ပြောင်းပေးထားသူ ၆၅,၀၀၀ ကျော် ရှိကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ (ဓာတ်ပုံ - AP)

မီးတောင်ပေါက်ကွဲမှုကြောင့် ဘာတန်ဂါဒေသတစ်ခုတည်းတွင် နေရပ်စွန့်ခွာသူ ၁၂၁,၀၀၀ ထက်မနည်းရှိသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။ စခန်း ၃၇၃ ခုတွင်လည်း နေရပ်စွန့်ခွာသူများဖြင့် ပြည့်ကျပ်နေပြီး မျက်နှာဖုံး၊ အိမ်သာ၊ သောက်သုံးရေ အခက်အခဲများ ရှိနေသည်ဟု ဒေသန္တရ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရုံးမှ သိရသည်။

မီးတောင်ရှိရာ ကျွန်းပေါ်မှ ရွာသား ၅,၀၀၀ အပါအဝင် နေရာရွှေ့ပြောင်းပေးထားသူ ၆၅,၀၀၀ ကျော် ရှိကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

အမြင့်ပေ ၁,၀၀၀ ခန့်သာရှိသည့် တအားလ်မီးတောင်သည် ကမ္ဘာ့အသေးဆုံး မီးတောင်များထဲမှ တစ်ခု ဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ အန္တရာယ်အရှိဆုံး မီးတောင် ၂၄ လုံးထဲတွင် ပါဝင်သည်။ (ဓာတ်ပုံ - AP)

တအားလ်မီးတောင်သည် ဖိလစ်ပိုင်မြို့တော် မနီလာ၏ တောင်ဘက် မိုင် ၄၀ အကွာ ဘာတန်ဂါ(Batangas) ဒေသတွင် တည်ရှိသည်။ အမြင့်ပေ ၁,၀၀၀ ခန့်သာရှိသည့် ၎င်းမီးတောင်သည် ကမ္ဘာ့အသေးဆုံး မီးတောင်များထဲမှ တစ်ခု ဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံ တဝန်းရှိ အန္တရာယ်အရှိဆုံး သက်ရှိမီးတောင် ၂၄ လုံးထဲတွင်လည်း ပါဝင်သည်။