- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ထိုင်ဝမ်နှင့် ယူကရိန်းနိုင်ငံရေးအခြေအနေတို့ကို ဆက်စပ်နှိုင်းယှဉ်ရန် မသင့်လျော်ဟု ထိုင်ဝမ်ပြောကြား
ထိုင်ဝမ်၏ နိုင်ငံရေးအခြေအနေနှင့် ယူကရိန်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေတို့သည် လုံးဝကွဲပြားခြားနားသောကြောင့် ထိုင်ဝမ်နိုင်ငံရေးအခြေအနေနှင့် ယူကရိန်းနိုင်ငံရေး အခြေအနေတိုကို့ ဆက်စပ်ပြောကြားနေရန် မသင့်လျော်ကြောင်းနှင့် လူအများအနေဖြင့် “ယနေ့ ယူကရိန်းပြီးရင် မနက်ဖြန် ထိုင်ဝမ်” ဟုဆိုခြင်းဖြင့် အခြေအနေကို လှုံ့ဆော်ရန် မကြိုးစားသင့်ကြောင်း ထိုင်ဝမ်အစိုးရက တနင်္လာနေ့တွင် ပြောကြားသည်။
02 Mar 2022
DMG ၊ မတ်လ ၂
ထိုင်ဝမ်၏ နိုင်ငံရေးအခြေအနေနှင့် ယူကရိန်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေတို့သည် လုံးဝကွဲပြားခြားနားသောကြောင့် ထိုင်ဝမ်နိုင်ငံရေးအခြေအနေနှင့် ယူကရိန်းနိုင်ငံရေး အခြေအနေတိုကို့ ဆက်စပ်ပြောကြားနေရန် မသင့်လျော်ကြောင်းနှင့် လူအများအနေဖြင့် “ယနေ့ ယူကရိန်းပြီးရင် မနက်ဖြန် ထိုင်ဝမ်” ဟုဆိုခြင်းဖြင့် အခြေအနေကို လှုံ့ဆော်ရန် မကြိုးစားသင့်ကြောင်း ထိုင်ဝမ်အစိုးရက တနင်္လာနေ့တွင် ပြောကြားသည်။
တရုတ်အစိုးရက ၎င်း၏ပိုင်နက်နယ်မြေဖြစ်သည်ဟု ပြောဆိုထားပြီး ပြီးခဲ့သောနှစ်နှစ်အတွင်း တရုတ်၏အချုပ်အခြာအာဏာကို လက်ခံရန်အတွက် စစ်ရေးအရ ဖိအားပေးခြင်းခံနေရသော ထိုင်ဝမ်သည် ရုရှား၏ ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုဖြစ်စဉ်အား အနီးကပ်စောင့်ကြည့်လျက်ရှိသည်။
ထိုင်ဝမ်၏အခြေအနေနှင့် ယူကရိန်းနိုင်ငံ၏အခြေအနေသည် အခြေခံအားဖြင့် ကွဲပြားသည်ဟု ထိုင်ဝမ်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရက ထပ်ခါတလဲလဲ ပြောကြားလျက်ရှိသည်။
သို့ရာတွင် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လိုပင်ချန်က အဆိုပါ မှတ်ချက်များကို ကြောက်ရွံ့နေသူများအား ရှုတ်ချသည့် အနေဖြင့် တစ်ဆင့်တက်၍ ပြည်သူများအနေဖြင့် ကောလဟာလများကို မည်သည့်အကြောင်းကြောင့် မယုံကြည်သင့်ကြောင်းကို သီတင်းပတ်ကုန် အားလပ်ရက်ရှည်အပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ရှင်းလင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်သည် ပထဝီဝင်နိုင်ငံရေးအရ အရေးပါရုံသာမက ၎င်းတွင် တရုတ်နိုင်ငံနှင့် ခြားထားသည့် ထိုင်ဝမ်ရေလက်ကြားသည် သဘာဝအတားအဆီးတစ်ခုအဖြစ် ရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာမြင့် ထောက်ပံ့ရေးကွင်းဆက်၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး ဆီမီးကွန်ဒတ်တာများ ထုတ်လုပ်ရာတွင် ထိုင်ဝမ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
“နယ်ပယ်အားလုံးမှာ ယူကရိန်းနဲ့ထိုင်ဝမ်ကို နှိုင်းယှဉ်လို့မရပါဘူး” ဟုလည်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောသည်။
"ဒါပေမယ့် ‘ဒီနေ့ ယူကရိန်းပြီးရင် မနက်ဖြန် ထိုင်ဝမ်’ ဆိုတဲ့အကြောင်းအရာကို အသုံးချပြီး ဒီအခွင့်အရေးကို ကြိုးကိုင်ဖို့အတွက် ယူကရိန်းနဲ့ ထိုင်ဝမ် အခြေအနေကို မလျော်မကန်ချိတ်ဆက်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိပါတယ်။ ဒါက အမြော်အမြင်နည်းတဲ့ လုပ်ရပ်ပါ" ဟုလည်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ထိုင်ဝမ်နိုင်ငံအပေါ် မကြာခဏဆိုသလို ပြုလုပ်လေ့ရှိသော တရုတ်၏ အားတင်မှုများကြောင့် ထိုင်ဝမ်အစိုးရသည် စစ်ပွဲကြုံလာလျှင် လိုအပ်သော ပစ္စည်းများကို စုဆောင်းထားသည်။ ယခုလတွင်လည်း ထိုင်ဝမ်အာဏာပိုင်များသည် လေကြောင်းတိုက်ခိုက်မှု အကာအကွယ်များနှင့် ပတ်သက်သော နှစ်စဉ်ပုံမှန်ပြန်လည်သုံးသပ်မှု တစ်ရပ်ပြုလုပ်ခဲ့သည်။ သို့ရာတွင် လူအများအနေဖြင့် ယူကရိန်းစစ်ပွဲနှင့် အဆိုပါ အချက်အလက်များအကြား ဆက်စပ်မှုရှိသည်ဟု ကောက်ချက်မချသင့်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။