- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သမ္မတထရမ့်နှင့်ဇနီး ကိုဗစ်ကူးစက်ခံရ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လာနီယာထရမ့်တို့ နှစ်ယောက်လုံး ကိုဗစ်ကူးစက်ခံထားရကြောင်း သမ္မတထရမ့်ကိုယ်တိုင် သောကြာနေ့ အစောပိုင်းက ပြောကြားလိုက်သည်။
02 Oct 2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လာနီယာထရမ့်တို့ နှစ်ယောက်လုံး ကိုဗစ်ကူးစက်ခံထားရကြောင်း သမ္မတထရမ့်ကိုယ်တိုင် သောကြာနေ့ အစောပိုင်းက ပြောကြားလိုက်သည်။
အမေရိကန်တွင် သမ္မတရွေးကောက်ပွဲကျင်းပရန် တစ်လခန့်အလိုတွင်မှ ယခုသတင်း ထွက်ပေါ်လာခြင်းသည် နိုင်ငံတွင်း မရေမရာဖြစ်နေသည့် အခြေအနေများကို ပိုမိုဆိုးဝါးသွားစေနိုင်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတထရမ့်သည် ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ဘေးစတင်ချိန်ကတည်းက ကူးစက်မှုများအား အရေးမကြီးသယောင် လျှော့ပေါ့ပြောဆိုလာခဲ့သူဖြစ်သည်။ လက်ရှိတွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သော သမ္မတနှင့် ၎င်း၏ဇနီးတို့ နှစ်ဦးလုံး ကွာရန်တင်း ဝင်နေရသည်။
သမ္မတကြီးအနေဖြင့် ကုသမှုခံယူနေစဉ်အတွင်း တာဝန်များကို နှောင့်နှေးခြင်းမရှိစေဘဲ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွား နိုင်ရန် မျှော်လင့်ထားသည်ဟု သမ္မတ ကျန်းမာရေးအကြံပေးက ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၂ သိန်းကျော် ရှိပြီး ကူးစက်မှုစုစုပေါင်း ၇ သန်းခွဲနီးပါး ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းအထိ ကူးစက်မှုစုစုပေါင်း ၃၄ သန်းခွဲရှိကာ သေဆုံးသူအရေအတွက်မှာ ၁ သန်းကျော်သွားပြီဖြစ်သည်။