- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
"အနာဂတ်မှာ မျိုးချစ်ဝါဒီတွေအတွက်ပဲ နေရာရှိမယ်" ဟု ကုလသမဂ္ဂညီလာခံမှာ ပြောကြားလိုက်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်
"အနာဂတ်ဟာ ကမ္ဘာပြုမှုဝါဒီအတွက် မဟုတ်ပါဘူး။ အနာဂတ်မှာမျိုးချစ်ဝါဒီအတွက်ပဲ နေရာရှိပါတယ်" ဟု ထရမ့်ကသူ၏ မိန့်ခွန်းအစမှာပင် ပြောကြားလိုက်သည်။ ထိုစကား ပြောသည့်နေရာကား တခြားနေရာမဟုတ်၊ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ...
01 Oct 2019
"အနာဂတ်ဟာ ကမ္ဘာပြုမှုဝါဒီအတွက် မဟုတ်ပါဘူး။ အနာဂတ်မှာမျိုးချစ်ဝါဒီအတွက်ပဲ နေရာရှိပါတယ်" ဟု ထရမ့်ကသူ၏ မိန့်ခွန်းအစမှာပင် ပြောကြားလိုက်သည်။ ထိုစကား ပြောသည့်နေရာကား တခြားနေရာမဟုတ်၊ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ..."
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် America First မူဝါဒကိုင်စွဲကာ အမျိုးသားရေးကို ဦးစားပေးသူတစ်ဦး ဖြစ်ကြောင်း အားလုံးအသိပင်ဖြစ်သည်။ သူ၏ အမျိုးသားရေးဦးစားပေးမူဝါဒကို မည်သည့်အခါမျှ ဖုံးကွယ်ထားလေ့ မရှိသော ဒေါ်နယ်ထရမ့်သည် စက်တင်ဘာနောက်ဆုံးပတ်တွင် ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံ တွင်လည်း အမျိုးသားရေးဝါဒနှင့် အချုပ်အခြာအာဏာကို ဦးစားပေးသော သူ၏အမြင်ကို ပွင့်ပွင့်လင်းလင်းပင် ထပ်မံထုတ်ဖော်လိုက် ပြန်သည်။
ထရမ့်က ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးတို့တွင် အမေရိကန်အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက် ပြီးမှ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်လုပ်ဆောင်သည့် သူ၏မူဝါဒကို သူ၏မိန့်ခွန်းတွင် ထပ်မံအသိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။
နယူးယောက်မြို့တွင် စက်တင်ဘာ ၂၄ မှ ၃၀ ရက်နေ့အထိ ကျင်းပခဲ့သော ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားသော ၃၇ မိနစ်ကြာမိန့်ခွန်း၌ ထရမ့်က ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် အရင်ဦးဆုံး ကိုယ့်နိုင်ငံအတွက် ကိုယ့်ဘာသာ ဂရုစိုက်ကြရမည်ဖြစ်ပြီး မိမိတို့၏ အကျိုးစီးပွားကို ခြိမ်းခြောက်လာမှသာ အမေရိကန်ပြည်ထောင်စုအနေဖြင့် ပြည်ပအရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
" ဒီမိုကရေစီလိုချင်ရင် အချုပ်အခြာအာဏာ ခိုင်မြဲအောင်လုပ်ပါ။ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် ကိုယ့်တိုင်းပြည်ကိုယ်ချစ်ပါ" ဟု ထရမ့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထရမ့်က တိုင်းပြည်အတွင်း တရားမဝင်ခိုးဝင်မှုများကို ရှုတ်ချလိုက်ပြီး ကွန်ဆာဗေးတစ်အမြင်များအပေါ် ဆင်ဆာပိတ်ပင် သော ဆိုရှယ်မီဒီယာကုမ္ပဏီများ၏ လုပ်ရပ်နှင့် လူမှုရေးတရားမျှတမှုများအား ထောက်ခံမှုများအား ဝေဖန်ထောက်ပြ သွားခဲ့သည်။
ဗဟိုအမေရိကမှနေပြီး အမေရိကန်ပြည်ထောင်စုသို့ တရားမဝင် ရွှေ့ပြောင်းခိုလှုံရန် ကြိုးစားသူများကို ထရမ့်က "ခင်ဗျားတို့ ဒီနေရာ (အမေရိကန်နယ်စပ်)ကို ရောက်လာရင်လည်း ဝင်ခွင့်ရမှာမဟုတ်ပါဘူး။ ခင်ဗျားတို့အိမ်ကိုပဲ ပြန်လွှတ်ခံရမှာပါ" ဟု သတိပေးပြောကြားခဲ့ပြီး နယ်စပ်တံခါးဖွင့်ရေး မူဝါဒများအပေါ် ထောက်ခံသူများကိုလည်း ပြင်းပြင်းထန်ထန်တုံ့ပြန် ပြောကြားခဲ့သည်။
"ခင်ဗျားတို့ရဲ့မူဝါဒတွေဟာ မျှတမှုမရှိပါဘူး။ ရက်စက်ပြီး ဆိုးရွားပါတယ်။ ခင်ဗျားတို့ဟာ လူတွေရဲ့အသက်တွေ၊ သက်သာချောင်ချိရေး နဲ့ များပြားလှတဲ့ပြည်သူတွေထက်ပိုပြီး ခင်ဗျားတို့ရဲ့သူတော်ကောင်းတရား အယူအဆအမှားကို ရှေ့တန်းတင်ရာ ရောက်နေပါတယ်။ နယ်စပ်လုံခြုံရေးကို လျှော့ချတာဟာ လူ့အခွင့်အရေးနဲ့ လူသားဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်" ဟုထရမ့်က ပြောကြားသည်။
ထို့ပြင် သူလက်ရှိဆောင်ရွက်နေသော ကုန်သွယ်ရေးသဘောတူညီမှု အသစ်များနှင့်ပတ်သက်၍ အခြားနိုင်ငံခေါင်းဆောင် များကို ဆွဲဆောင်ပြောကြားသွားခဲ့ပြီး တရုတ်၏ ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများကိုမူ ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားသွားခဲ့သည်။ အီရန်အစိုးရ၏ ရန်လိုသွေးဆာသောလုပ်ရပ်များကို ပြစ်တင်ဝေဖန်ခဲ့သလို ဗင်နီဇွဲလားရှိ နီကိုလက်စ်မာဒူရို၏ ဆိုရှယ်လစ်အစိုးရကိုလည်း ဝေဖန်ရှုတ်ချသွားခဲ့သည်။ မြောက်ကိုရီးယားကို ကြိုးရှည်ရှည်နှင့်လှန်ထားသော သူ၏ သံတမန်ဆက်ဆံရေးဗျူဟာကိုမူ အမွှမ်းတင် ပြောကြားသွားခဲ့သည်ကိုလည်း တွေ့ရသည်။
"အနာဂတ်ဟာ ကမ္ဘာပြုမှုဝါဒီအတွက် မဟုတ်ပါဘူး။ အနာဂတ်မှာမျိုးချစ်ဝါဒီအတွက်ပဲ နေရာရှိပါတယ်" ဟု ထရမ့်ကသူ၏ မိန့်ခွန်းအစမှာပင် အတိအလင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
ထရမ့်၏ထိုပြောကြားချက်မှာ ပြီးခဲ့သောနှစ်ပိုင်းများအတွင့် ထရမ့်နှင့် အခြား၎င်းနှင့်အမြင်တူ နိုင်ငံ့ခေါင်းဆောင်များ တိုက်တွန်းပြောကြားလာခဲ့သော အယူအဆပင်ဖြစ်ပြီး လူကြိုက်များအမျိုးသားရေးဝါဒီမှာ အနာဂတ်ဖြစ်လာလျက် ရှိပြီး ကုလသမဂ္ဂမှ ကာကွယ်ရန်နှင့်မြှင့်တင်ရန်ကြိုးစားလျက်ရှိသော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ယုံကြည်မှု တို့မှာမူ အတိတ်တွင်ကျန်ရစ်ခဲ့မည့် အခြေအနေနှင့် ရင်ဆိုင်ရလျက်ရှိသည်။
"အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်ကဘယ်နိုင်ငံနဲ့မှ ပဋိပက္ခဖြစ်ဖို့ ဆန္ဒမရှိပါဘူး။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဘုံအကျိုးစီးပွားတို့ရရှိဖို့ စိတ်ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အမေရိကန်တွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်တော့ ကျွန်တော်ဘယ်တော့မှ ပျက်ကွက်မှာမဟုတ်ပါဘူး" ဟု ထရမ့်က ပြောကြားခဲ့သည်။
ထရမ့်က သူ၏အမျိုးသားရေးဦးစားပေးဝါဒကို မိန့်ခွန်းတွင် ဦးစားပေးပြောကြားခဲ့သော်လည်း ဟောင်ကောင်ဆန္ဒပြမှုများ အပေါ် တရုတ်၏ ကိုင်တွယ်ပုံများကို အမေရိကန်ပြည်ထောင်စုက အလေးထားစောင့်ကြည့်လျက် ရှိကြောင်းနှင့် ကမ္ဘာတဝန်းတွင် လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှုများကို အဆုံးသတ်ရန်တောင်းဆိုကြောင်း ရှားရှားပါးပါး ထည့်သွင်း ပြောကြားသွားခဲ့သည်ကို တွေ့ရသည်။
ထရမ့်၏ အမျိုးသားရေးဦးစားပေး America First မူဝါဒကို တစ်ကမ္ဘာလုံးမှ ဝေဖန်သံများ ညံလျက်ရှိသော်လည်း ထရမ့်သည် မဲဆွယ်စည်းရုံးစဉ်ကာလမှစပြီး လက်ရှိအာဏာရသက်တမ်း ၃ နှစ်နီးပါးကာလ အထိ သူ၏မူဝါဒအတိုင်း ဆက်လက်စွဲကိုင်ထားကာ ကမ္ဘာ့နိုင်ငံများသည် ကိုယ့်နိုင်ငံကို ကိုယ်တိုင်သာ စောင့်ရှောက်ရမည်ဟု အစဉ်တစိုက် ပြောကြားလျက်ရှိဆဲ ဖြစ်သည်။
မောင်ဖြိုး
ကိုးကား - Vox News ၊ Washington Post