- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ထိုင်ဝမ်တွင် လူနေတိုက်ခန်းတွဲ မီးလောင်မှုကြောင့် အနည်းဆုံး ၄၆ ဦး သေဆုံး
ထိုင်ဝမ်တောင်ပိုင်း ကောင်းရွှန်းမြို့တွင် ကြာသပတေးနေ့ အစောပိုင်းက လူနေတိုက်ခန်းတွဲကြီးတစ်ခု မီးလောင်ကျွမ်းမှုကြောင့် လူ ၄၆ ဦး အနည်းဆုံး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Oct 2021

DMG ၊ အောက်တိုဘာ ၁၆
ထိုင်ဝမ်တောင်ပိုင်း ကောင်းရွှန်းမြို့တွင် ကြာသပတေးနေ့ အစောပိုင်းက လူနေတိုက်ခန်းတွဲကြီးတစ်ခု မီးလောင်ကျွမ်းမှုကြောင့် လူ ၄၆ ဦး အနည်းဆုံး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၁၃ ထပ်မြင့်သည့် အဆိုပါတိုက်ခန်းတွဲတွင် ဆင်းရဲသားများ၊ သက်ကြီးပိုင်းများနှင့် မသန်စွမ်းများ အများအပြားရှိပြီး တိုက်ခန်းပေါင်း ၁၂၀ အနက် မည်မျှအထိ မီးသင့်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မသိရပေ။
ကြာသပတေးနေ့ အာရုံ ၃ နာရီခန့်တွင် ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရပြီး အဆောက်အအုံ၏ အောက်ခြေအဆင့်များတွင် မီးတောက်မီးလျှံများ ပေါ်ထွက်လာသည်ကို တွေ့မြင်ရကြောင်း မျက်မြင်သက်သေများက ပြောကြသည်။ အဆိုပါနေရာ၌ ပိတ်ထားသည့် ရုပ်ရှင်ရုံတစ်ရုံ၊ အသုံးမပြုတော့သည့် စားသောက်ဆိုင်များနှင့် ကာရာအိုကေ ကလပ်များရှိသည့် နေရာ ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
မြေညီထပ်မှ စတင်ခဲ့ပုံပေါ်သည့် အဆိုပါ မီးလောင်ကျွမ်းမှုကို နံနက် ရ နာရီဝန်းကျင်တွင် ထိန်းချုပ်နိုင်ခဲ့ပြီး အပေါ်ထပ်များရှိ အခန်းအများအပြားမှာ တိုက်ရိုက်မီးသင့်ပုံ မပေါ်ကြောင်း အေပီသတင်းက ဖော်ပြသည်။ သို့သော်လည်း မီးခိုးငွေ့များ အလွန်အမင်း များပြားပြီး မီးလောင်မှု၏ အပေါ်ဘက်တွင် ရှိနေသောကြောင့် လူသေဆုံးမှုများ ဖြစ်စေနိုင်ခြေ ရှိသည်ဟုလည်း သတင်းက ဆိုသည်။
မီးလောင်မှု ဖြစ်ပွားခဲ့သည့် တိုက်ခန်းတွဲသည် ဆယ်စုနှစ်များစွာ အိုမင်းနေပြီဖြစ်ကာ မြို့နေလူဦးရေ ၂.၈ သန်းခန့်ရှိသည့် ကောင်းရွှန်းမြို့၏ မြို့ဧရိယာ နေရာဟောင်းဘက်တွင် ရှိကြောင်း အေပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
ထိုင်ဝမ်၏ တတိယအကြီးဆုံးမြို့တော် တိုက်ချွန်းတွင်လည်း ၁၉၉၅ ခုနှစ်က နိုက်ကလပ်တစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၄ ဦးအထိ ရှိခဲ့သည်။