- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
ဥက္ကာခဲထိမှန်မှုကြောင့် ပျက်စီးသွားသည့် အာကာသယာဉ်အတွက် အစားထိုးတစ်စီးကို ရုရှားက နောက်လ စေလွှတ်မည်
နိုင်ငံတကာ အာကာသစခန်းတွင်ရှိနေသည့် ရုရှားအာကာသယာဉ်မှူး သုံးဦးကို ပြန်လည်ခေါ်ယူရန်အတွက် ဖေဖော်ဝါရီလတွင် ကယ်ဆယ်ရေးယာဉ်တစ်စီး စေလွှတ်မည်ဟု ရုရှားက ပြောကြားလိုက်သည်။
13 Jan 2023
နိုင်ငံတကာအာကာသစခန်းအား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။/ ဓာတ်ပုံ - NASA
နိုင်ငံတကာ အာကာသစခန်းတွင်ရှိနေသည့် ရုရှားအာကာသယာဉ်မှူး သုံးဦးကို ပြန်လည်ခေါ်ယူရန်အတွက် ဖေဖော်ဝါရီလတွင် ကယ်ဆယ်ရေးယာဉ်တစ်စီး စေလွှတ်မည်ဟု ရုရှားက ပြောကြားလိုက်သည်။
အာကာသယာဉ်မှူး သုံးဦး ကမ္ဘာမြေပေါ်သို့ ပြန်လာမည့်ယာဉ်သည် ဥက္ကာခဲအငယ်တစ်ခု ဝင်တိုက်မိသည့်အတွက် ပျက်စီးမှုများ ရှိခဲ့သည်ဟု ရုရှားအာကာသအေဂျင်စီ ရော့စ်ကော့စမိုက ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောကြားခဲ့သည်။
နိုင်ငံတကာ အာကာသစခန်းတွင် ရပ်နားထားသည့် ဆိုယု MS-22 ယာဉ်သည် ရုရှားအာကာသယာဉ်မှူး သုံးဦး လိုက်ပါစီးနင်းရန်အတွက် စိတ်ချရမှု မရှိတော့ကြောင်း ရော့စ်ကော့စမိုက ကြေညာခဲ့သည်။
၎င်းတို့ကို ခေါ်ယူရန်အတွက် ဆိုယု MS-23 ယာဉ်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စေလွှတ်မည်ဖြစ်သည်။
ဆိုယု MS-22 ကို လူမပါဘဲ ကမ္ဘာမြေပေါ်သို့ ပြန်လည်ခေါ်ယူမည်ဟု ရော့စ်ကော့စမိုက ပြောသည်။
လတ်တလောတွင် နိုင်ငံတကာ အာကာသစခန်း၌ ဝန်ထမ်း ခုနစ်ဦးရှိနေပြီး အရေးပေါ် ထားရှိသည့် MS-22 ယာဉ်သည် လူလေးဦးသာ လိုက်ပါစီးနင်းနိုင်သည်။