- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
ယူကရိန်းအတွက် ပထမဆုံးအဖြစ် ပြင်သစ်က တင့်ကားများ ထောက်ပံ့မည်
ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးတို့ တွေ့ဆုံပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
05 Jan 2023
ဓာတ်ပုံ - AFP
ရုရှားတို့၏ ကျူးကျော်စစ်ကို ရင်ဆိုင်နေရသည့် ယူကရိန်းအတွက် ပြင်သစ်က AMX-10 RC တင့်ကားများ ထောက်ပံ့မည်ဟု ဇန်နဝါရီလ ၄ ရက်နေ့တွင် ကြေညာလိုက်သည်။ ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးတို့ တွေ့ဆုံပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
AMX-10 RC တင့်ကားများသည် ပြင်သစ်စစ်တင်တွင် ၁၉၈၀ ကာလများမှ လက်ရှိအထိ အသုံးပြုလျက်ရှိသည်။ ဤတင့်ကားများသည် ယူကရိန်းအတွက် ပြင်သစ်၏ အထောက်အပံ့များအနက် အရေးပါသော ကူညီမှုဖြစ်လာမည်ဖြစ်သလို ပြင်သစ်သည်လည်း ယူကရိန်းအတွက် တင့်ကားများ ပထမဆုံး ကူညီပေးသည့် အနောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
ကူညီပေးမည့် တင့်ကားအရေအတွက်နှင့် ပေးအပ်မည့်အချိန်ကို တိတိပပ မသိရသေးပေ။ သို့သော်လည်း သင်ကြားမှုနှင့် ထိန်းသိမ်းမှုပိုင်းအတွက်မူ ဆောင်ရွက်ရန် နှစ်ဘက်သဘောတူထားပြီးဖြစ်သည်။
AMX-10 RC သည် ခြောက်ဘီးပါ အပေါ့စားတင့်ကား အမျိုးအစားဖြစ်သည်။ ပြင်သစ်သည် အဆိုပါတင့်ကားများကို အနောက်အာဖရိကရှိ ဆာဟဲဒေသနှင့် အာဖဂန်နစ္စတန်တို့တွင် နောက်ဆုံးအသုံးပြုခဲ့သည်။
အနောက်နိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာများ အကြီးအကျယ် ပံ့ပိုးလျက်ရှိသည်။ အခြားတစ်ဘက်တွင်လည်း တိုက်လေယာဉ်များ၊ တာဝေးပစ်ဒုံးကျည်များနှင့် တင့်ကားများ ထောက်ပံ့ခြင်းသည် ရုရှားနှင့် အနောက်အုပ်စုအကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာအောင် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်နေကြောင်း လေ့လာသူများက ရှုမြင်ကြသည်။