- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အမေရိကန်တပ်များ ယူကရိန်းသို့ ရောက်ရှိလာပါက မရှောင်သာဘဲ လက်တုံ့ပြန်ရတော့မည်ဟု ရုရှားပြော
ယူကရိန်းသို့ လုံခြုံရေးတပ်များ စေလွှတ်မည့် အနောက်အုပ်စု၏ အစီအစဉ်အား ရုရှားက သောကြာနေ့တွင် သတိပေးလိုက်သည်။ ယူကရိန်းအစိုးရက ရှရှားအား နယ်စပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ချထားနေကြောင်း စွပ်စွဲလိုက်ပြီးနောက်တွင် ရုရှားက ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။
03 Apr 2021
DMG ၊ ဧပြီ ၃
ယူကရိန်းသို့ လုံခြုံရေးတပ်များ စေလွှတ်မည့် အနောက်အုပ်စု၏ အစီအစဉ်အား ရုရှားက သောကြာနေ့တွင် သတိပေးလိုက်သည်။ ယူကရိန်းအစိုးရက ရှရှားအား နယ်စပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ချထားနေကြောင်း စွပ်စွဲလိုက်ပြီးနောက်တွင် ရုရှားက ယခုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။
ယူကရိန်းသမ္မတ ဇီလင်စကီးက ရုရှားသည် နယ်စပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား အများအပြား နေရာချနေကြောင်း ကြာသပတေးနေ့တွင် စွပ်စွဲခဲ့ပြီး အမေရိကန်ကလည်း ရုရှား၏ ရန်လိုမှုလုပ်ရပ်တွင် ယူကရိန်းဘက်က ရပ်တည်မည်ဟု ကတိပေးထားသည်။
ယူကရိန်းသည် နိုင်ငံအရှေ့ပိုင်းတွင် ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားများနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ရှေ့တန်းနေရာများ၌ နှစ်ဘက်ပဋိပက္ခများ တစ်ကျော့ပြန် ဖြစ်ပွားမှုများ သီတင်းပတ်နှင့်ချီ ကြာမြင့်လာပြီးနောက် နှစ်ဘက်အကြား ကာလရှည်ကြာ တအုံနွေးနွေးဖြစ်နေခဲ့သည့် ပဋိပက္ခများ အရှိန်မြင့်လာမည်ကို စိုးရိမ်လျက်ရှိသည်။
အမေရိကန်တပ်များ ယူကရိန်းသို့ ရောက်ရှိလာပါက ရုရှားအနေဖြင့် မလွှဲသာမရှောင်သာ လက်တုံ့ပြန်ရတော့မည်ဟု ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမိထရိပက်စကော့ဗ်က သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်ဖြစ်သည်။
“ဒီလိုအခင်းအကျင်းတွေကြောင့် ရုရှားနယ်စပ်မှာ တင်းမှာမှုတွေ တိုးလာတော့မှာ သံသယဖြစ်စရာ မလိုပါဘူး။ ဒီအတွက် ရုရှားဘက်ကလည်း ကိုယ့်လုံခြုံရေးအတွက် ထပ်လောင်းဆောင်ရွက်ချက်တွေ လုပ်လာရတော့မှာ အသေအချာပါပဲ။ ဟု ပက်စကော့ဗ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ယူကရိန်းအရှေ့ပိုင်းတွင် ရုရှား၏ ရန်လိုမှုများ မြင့်တက်လာနေသည့်အတွက် ဥရောပရှိ အမေရိကန်တပ်ဖွဲ့များ အနေဖြင့် အသင့်အနေအထား ပြင်ဆင်ထားရန် ပင်တဂွန်က ယခုသီတင်းပတ် အစောပိုင်း၌ သတိပေးထားသည်။