- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာသို့လက်နက်ရောင်းချမှုကို တင်းတင်ကြပ်ကြပ် တားမြစ်ပိတ်ပင်ကြရန် အမေရိကန်အပါအဝင် ၇ နိုင်ငံက တိုက်တွန်း
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံ ၇ နိုင်ငံက မြန်မာ့အရေးနှင့် ပတ်သက်၍ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး မြန်မာစစ်တပ်အား အကူအညီပေးအပ်မှုများ အားလုံးကို ရပ်ဆိုင်းထားကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Nov 2021

DMG ၊ နိုဝင်ဘာ ၂၇
အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံ ၇ နိုင်ငံက မြန်မာ့အရေးနှင့် ပတ်သက်၍ ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး မြန်မာစစ်တပ်အား အကူအညီပေးအပ်မှုများ အားလုံးကို ရပ်ဆိုင်းထားကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများနှင့် ပတ်သက်၍လည်း အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိကြောင်း သောကြာနေ့က ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကြေညာချက်အား အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယားနှင့် ယူကေ နိုင်ငံတို့က ပူးတွဲထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အဆိုပါနိုင်ငံများသည် မြန်မာသို့ လက်နက်ရောင်းချမှု တားမြစ်ပိတ်ပင်ထားပြီး ဖြစ်သည်။
မြန်မာစစ်တပ်က လက်နက်ဝယ်ယူစုဆောင်းမှုများ၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အပြင် အရပ်သားများကိုပါ ထိခိုက်စေသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများအတွက် တပ်သား ထောင်နှင့်ချီ စေလွှတ်မှုများ ပြုလုပ်နေသည့် သတင်းများနှင့် ပတ်သက်၍ မိမိတို့ စိုးရိမ်ပူပန်လျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများအနက် နိုင်ငံအနောက်မြောက်ပိုင်းတွင် လိင်အကြမ်းဖက်မှုနှင့် နှိပ်စက်မှုများ ရှိကြောင်း ခိုင်လုံသည့် သတင်းအချက်အလက်များအရ သိရသည်ဟု ထည့်သွင်းဖော်ပြသည်။
အဆိုပါနေရာများ၌ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ သောင်းချီရှိနေသည်။