- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြောက်ကိုရီးယားအတွက် စက်သုံးဆီ မှောင်ခိုတင်ပို့ခဲ့သည့် သင်္ဘောကို အမေရိကန် ထိန်းချုပ်
မြောက်ကိုရီးယားသို့ တရားမဝင်စက်သုံးဆီများ တင်ပို့ရာတွင် အသုံးပြုသည့် ကုန်တင်သင်္ဘောတစ်စီးအား အမေရိကန်က သောကြာနေ့တွင် ထိန်းချုပ်လိုက်ကြောင်း အမေရိကန် တရားရေးဌာနက ပြောကြားလိုက်သည်။
03 Aug 2021

DMG ၊ ဩဂုတ် ၃
မြောက်ကိုရီးယားသို့ တရားမဝင်စက်သုံးဆီများ တင်ပို့ရာတွင် အသုံးပြုသည့် ကုန်တင်သင်္ဘောတစ်စီးအား အမေရိကန်က သောကြာနေ့တွင် ထိန်းချုပ်လိုက်ကြောင်း အမေရိကန် တရားရေးဌာနက ပြောကြားလိုက်သည်။
အဆိုပါသင်္ဘောအား ပြစ်ဒဏ်အဖြစ် သိမ်းဆည်းရန် နယူးယောက်ရှိ ဖက်ဒရယ်တရားသူကြီး တစ်ဦးက ဆုံးဖြတ်မိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂၇၃၄ တန် ဝန်အားရှိသော အဆိုပါသင်္ဘောသည် လက်ရှိအချိန်တွင် ကမ္ဘောဒီးယားသို့ ရောက်ရှိနေပြီး စင်္ကာပူနိုင်ငံသား ကွက်ကီဆန်းက ပိုင်ဆိုင်သည်။ ကွက်ကီဆန်းကိုမူ ဖမ်းမိခြင်းမရှိသေးကြောင်း တရားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကွက်ကီဆန်းနှင့် အပေါင်းအပါများသည် အမေရိကန်နှင့် ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများကို ဖောက်ဖျက်ပြီး မြောက်ကိုရီးယားသို့ လောင်စာဆီ ခိုးသွင်းရန်အတွက် သူတို့ ထိန်းချုပ်ထားသည့် ကုန်တင်သင်္ဘောများကို အသုံးပြုခဲ့သည်ဟု တရားရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါသင်္ဘောသည် ၂၀၁၉ သြဂုတ်လမှ ဒီဇင်ဘာလအတွင်း မြောက်ကိုရီးယား သင်္ဘောတစ်စီးထံသို့ အမေရိကန်ဒေါ်လာ ၁.၅ သန်းထက်မနည်း တန်ဖိုးရှိသည့် လောင်စာဆီများ လွှဲပြောင်းပေးခဲ့သည်ဟု ဂြိုလ်တုရုပ်ပုံများအရ သိရသည်။
သင်္ဘောအား ကမ္ဘောဒီးယား အာဏာပိုင်များက အမေရိကန်၏ ဝရမ်းဖြင့် ၂၀၂၀ မတ်လတွင် ထိန်းသိမ်းခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။