- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အမေရိကန်စွမ်းအင်လုပ်ငန်းစုများအပေါ် ရုရှားဟက်ကာများ စိတ်ဝင်စားမှုမြင့်တက်လာ
ယူကရိန်းနိုင်ငံအပေါ် ရုရှား၏စစ်ရေးလုပ်ဆောင်မှုများ စတင်ချိန်မှစ၍ ရုရှားဟက်ကာများသည် စွမ်းအင်ကုမ္ပဏီများအပေါ် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်း အက်ဖ်ဘီအိုင်က သတိပေးထားသည်။ သို့သော် ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ရန် အတိအကျစီစဉ်ထားခြင်း ရှိမရှိကိုမူ အက်ဖ်ဘီအိုင်က ရေရေရာရာ ပြောကြားခြင်းမရှိပေ။
25 Mar 2022
DMG | မတ် ၂၅
ယူကရိန်းနိုင်ငံအပေါ် ရုရှား၏စစ်ရေးလုပ်ဆောင်မှုများ စတင်ချိန်မှစ၍ ရုရှားဟက်ကာများသည် စွမ်းအင်ကုမ္ပဏီများအပေါ် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်း အက်ဖ်ဘီအိုင်က သတိပေးထားသည်။ သို့သော် ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ရန် အတိအကျစီစဉ်ထားခြင်း ရှိမရှိကိုမူ အက်ဖ်ဘီအိုင်က ရေရေရာရာ ပြောကြားခြင်းမရှိပေ။
အင်္ဂါနေ့တွင် အေပီသတင်းဌာနက ရရှိခဲ့သော အက်ဖ်ဘီအိုင်၏ သတိပေးချက်တစ်ခုအရ ရုရှားဟက်ကာများသည် စွမ်းအင်ကုမ္ပဏီ အနည်းဆုံး ၅ ခုတို့၏ အားနည်းချက်များနှင့် အခြားကုမ္ပဏီ အနည်းဆုံး ၁၈ ခုတို့၏ ကာကွယ်ရေးစက်မှုအခြေစိုက်စခန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများပါဝင်သော အပိုင်းများကို ထောက်လှမ်းခဲ့ကြကြောင်း ပြောကြားခဲ့သည်။ အဆိုပါကုမ္ပဏီများ၏ အချက်အလက်များကိုမူ ၎င်းသတိပေးထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိပေ။
အမေရိကန်ရှိ အရေးပါသောအခြေခံ အဆောက်အဦများကို ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ရန် ရုရှားဘက်က စဉ်းစားလျက်ရှိသည်ကို ညွှန်ပြနေသည့် “ပုံစံပြောင်းထောက်လှမ်းရေးစနစ်” ရှိခဲ့ကြောင်း တနင်္လာနေ့တွင် အိမ်ဖြူတော်က ပြောကြားခဲ့သည်။
ဆိုက်ဘာနှင့် နည်းပညာဆိုင်ရာ နိုင်ငံတော်လုံခြုံရေး လက်ထောက်အကြံပေး အန်နီနူဘာဂါက ရုရှားဟက်ကာများ အသုံးချနိုင်သည့် ဆော့ဖ်ဝဲအားနည်းချက်များကို ပြုပြင်ရန် ပျက်ကွက်ခဲ့ကြသည့် ကုမ္ပဏီကြီးများကို စိတ်ပျက်မိကြောင်း အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တစ်ချိန်တည်း၌ ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အဦ လုံခြုံရေးဌာနက အနာဂတ်ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်လာနိုင်ခြေကို သတိပေးရန်နှင့် ၎င်းတို့ကိုယ်တိုင် ကာကွယ်နိုင်စေမည့် ယခုချက်ချင်းလုပ်ဆောင်ရန် လိုအပ်သည်များကို အားဖြည့် လုပ်ဆောင်စေနိုင်ရန်အတွက် စက်မှုလုပ်ငန်းဆိုင်ရာ သက်ဆိုင်သူပေါင်း ၁၃,၀၀၀ ကျော်ကို အင်္ဂါနေ့က အစည်းအဝေးတစ်ခု စုဝေးခေါ်ယူခဲ့သည်။
အနည်းဆုံးလွန်ခဲ့သော ၂၀၂၁ ခုနှစ် မတ်လကစ၍ အမေရိကန်ရှိ အရေးပါသော အခြေခံအဆောက်အဦများကို ထောက်လှမ်းခြင်းကိစ္စနှင့် ယခင်ကတည်းက ဆက်စပ်နေသော အင်တာနက်ပရိုတိုကော သို့မဟုတ် IP လိပ်စာ ၁၄၀ ကို အက်ဖ်ဘီအိုင်၏ တရားဝင် သတိပေးထုတ်ပြန်ချက်၌ အသိပေးဖော်ပြထားသည်။ ထိုကဲ့သို့ ထောက်လှမ်းမှုများသည် စစ်ပွဲစတင်ဖြစ်ပွားသည့် ပြီးခဲ့သောလမှစ၍ ပိုမိုတိုးလာခဲ့ပြီး “အနာဂတ်ကျူးကျော်မှုများ ဖြစ်လာနိုင်ခြေကို ဦးတည်လျက်ရှိသည်” ဟု အက်ဖ်ဘီအိုင်၏ တရားဝင်သတိပေးထုတ်ပြန်ချက်က ပြောကြားထားသည်။