- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
နယူးယောက်လိမ်လည်မှု စုံစမ်းစစ်ဆေးရေးတွင် သက်သေထွက်ဆိုရန် အမေရိကန်တရားသူကြီးက ထရမ့်အား အမိန့်ချ
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ အကြီးဆုံးသားသမီးများသည် မိသားစုစီးပွားရေးနှင့် ပတ်သက်၍ လိမ်လည်မှုရှိသည်ဟူသော စွဲချက်အား နယူးယောက်မြို့တွင်း စုံစမ်းစစ်ဆေးမှုတွင် ကျမ်းသစ္စာကျိန်ဆိုပြီး သက်သေထွက်ဆိုကြရမည်ဟု အမေရိကန်တရားသူကြီးတစ်ဦးက ကြာသပတေးနေ့တွင် အမိန့်ချမှတ်လိုက်သည်။
21 Feb 2022

DMG | ဖေဖေါ်ဝါရီ ၂၁
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ အကြီးဆုံးသားသမီးများသည် မိသားစုစီးပွားရေးနှင့် ပတ်သက်၍ လိမ်လည်မှုရှိသည်ဟူသော စွဲချက်အား နယူးယောက်မြို့တွင်း စုံစမ်းစစ်ဆေးမှုတွင် ကျမ်းသစ္စာကျိန်ဆိုပြီး သက်သေထွက်ဆိုကြရမည်ဟု အမေရိကန်တရားသူကြီးတစ်ဦးက ကြာသပတေးနေ့တွင် အမိန့်ချမှတ်လိုက်သည်။
ယခုစီရင်ချက်သည် ၂၀၂၄ ခုနှစ်၌ အိမ်ဖြူတော်တွင် ထပ်မံတာဝန်ထမ်းဆောင်ခွင့် ရစေနိုင်မည့် အခွင့်အလမ်းများကို အနှောက်အယှက်ဖြစ်စေနိုင်သော ခြိမ်းခြောက်မှုမြောက်မြားစွာကို တိုက်ခိုက်နေသည့် အသက် ၇၅ နှစ်အရွယ် ထရမ့်အတွက် နောက်ဆုံးဥပဒေရေးရာ ထိုးနှက်ချက်ဖြစ်သည်။
ထရမ့်အဖွဲ့အစည်းတွင် လိမ်လည်မှု သို့မဟုတ် မှားယွင်းသောလုပ်ရပ်များနှင့် ပတ်သက်၍ “သိသာထင်ရှားသော အထောက်အထားများ” ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု လွန်ခဲ့သောလက ပြောကြားခဲ့သော နယူးယောက်ရှေ့နေချုပ် လက်တီတီယာဂျိမ်းစ်၏ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ရန် ထရမ့်မိသားစုဝင်များက အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်။
အချိန် ၂ နာရီကျော်ကြာ စကားအချေအတင် ပြောဆိုခဲ့ကြပြီးနောက် ပြည်နယ်တရားသူကြီး အာသာအန်ဂိုရွန်က ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သော ရှေ့နေချုပ်ဂျိမ်းစ်၏ ဆင့်ခေါ်စာများကို ပယ်ဖျက်ရန် ချေပသည့် ဒေါ်နယ်ထရမ့်၊ ထရမ့်ဂျူနီယာနှင့် အီဗန်ကာတို့၏ လျောက်လဲချက်ကို ပယ်ချခဲ့သည်။
ဂျိမ်းစ်၏ရုံးတွင် ၂၁ ရက်အတွင်း သက်သေခံထွက်ချက်ပေးရန် ပြည်နယ်တရားသူကြီး အာသာက ၎င်းတို့သုံးဦးအား အမိန့်ပေးခဲ့သည်။ ထရမ့်မိသားစုဝင်တို့သည် အယူခံဝင်မည်ဟု မျှော်လင့်ရသည်။
၎င်းတို့၏ရှေ့နေများက အရပ်ဘက်ဆိုင်ရာ ဆင့်ခေါ်စာများသည် ဂျိမ်းစ်က သူမနှင့်ပတ်သက်နေသည့် ထရမ့်အဖွဲ့အစည်းကို အပြိုင်ရာဇဝတ်မှု စုံစမ်းစစ်ဆေးခြင်းအတွက် သက်သေအထောက်အထားများ ရယူရန် ကြိုးပမ်းမှုဖြစ်ကြောင်း ထောက်ပြပြောဆိုကြသည်။
ဂျိမ်းစ်သည် ရာဇဝတ်မှုကြီးများတွင် ဂျူရီလူကြီးများရှေ့မှောက်ရောက်သည့် သက်သေများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် နယူးယောက်ပြည်နယ်ဥပဒေအား ရှောင်လွှဲရန် ကြိုးပမ်းနေသည်ဟု ၎င်းတို့က စောဒကတက်ကြသည်။
ပြည်နယ်တရားသူကြီး အာသာအန်ဂိုရွန်က ၎င်းတို့၏ ထောက်ပြပြောဆိုမှုများသည် “အဓိကအကြောင်းအရာနှင့်လုံးဝလွဲချော်” လျက်ရှိပြီး ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးနေသည့် မက်ဟန်တန်ခရိုင်ရှေ့နေနှင့် ဂျိမ်းစ်တို့နှစ်ဦးလုံး ထရမ့်တို့ ၃ ဦးအား ဂျူရီလူကြီးများရှေ့မှောက် ဆင့်ခေါ်ရန် အမိန့်ပေးထားခြင်းမရှိကြောင်း ပြောကြားသည်။