- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ ဂျပန်နှင့်တွေ့ဆုံ
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် ဂျပန်အစိုးရနှင့် မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Mar 2021

DMG ၊ မတ် ၁၆
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် ဂျပန်အစိုးရနှင့် မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့သည် ဂျပန်နိုင်ငံခြားရေဝန်ကြီး တိုရှိမစ်စုမိုတဲဂိနှင့် ကာကွယ်ရေးဝန်ကြီး နိုဘုအိုကိရှိတို့နှင့် တွေ့ဆုံပြီး အမေရိကန်-ဂျပန်အကြား နက်ရှိုင်းသော ဆက်ဆံရေး ထားရှိသွားရန်၊ တရုတ်နှင် မြောက်ကိုးရီးယားတို့၏ စိန်ခေါ်မှုများအား ရင်ဆိုင်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများအား မျှဝေသွားရန် ဆွေးနွေးခဲ့ကြကြောင်း အေပီသတင်းက ဆိုသည်။
အမေရိကန်ဝန်ကြီးနှစ်ဦး၏ ခရီးစဉ်သည် ဘိုင်ဒန်အစိုးရ ထိပ်တန်းခေါင်းဆောင်များ၏ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် တောင်ကိုရီးယား နိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
ခရီးစဉ်အတွင်း တောင်နှင့် အရှေ့ တရုတ်ပင်လယ်ပြင်အတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားရေး၊ ဆီမီးကွန်ဒက်တာ ထောက်ပံ့ရေးလမ်းကြောင်း လုံခြုံရေးမှသည် မြောက်ကိုရီးယား နျူကလီးယား ခြိမ်းခြောက်မှုနှင့် တပ်မတော်က မြန်မာ့အာဏာရယူမှုများအထိ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီနှစ်ဦး ဂျပန်သို့ ရောက်ရှိနေချိန်၌ပင် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ ညီမဖြစ်သူကလည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဝေဖန်ပြောကြားလိုက်သလို ဝါရှင်တန်အစိုးရအနေဖြင့် နောက်ထပ်လေးနှစ်တာကာလကို စိတ်အေးလက်အေး အိပ်စက်လိုပါက ရန်လိုသည့်လုပ်ရပ်များ ထပ်မလုပ်ရန်ပါ သူမက သတိပေးလိုက်သည်။
နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်သည် ဝါရှင်တန်သို့ အပြန်တွင် တရုတ်အရာရှိများနှင့် အလက်စကားတွင် တွေ့ဆုံမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး အော်စတင်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့မှတစ်ဆင့် နယူးဒေလီသို့ ဆက်သွားပြီး အိန္ဒိယခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်သည်။