- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကို အမေရိကန်နှင့် မဟာမိတ် ၁၁ နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များ ရှုတ်ချ
မြန်မာနိုင်ငံအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သေစေနိုင်သည်အထိ အင်အားသုံး ဖြိုခွင်းနေမှုများအား အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်များ စုပေါင်းပြီး ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။ မြန်မာစစ်တပ်သည် လူထု၏ ယုံကြည်မှုကိုလည်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
29 Mar 2021

DMG ၊ မတ် ၂၉
မြန်မာနိုင်ငံအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သေစေနိုင်သည်အထိ အင်အားသုံး ဖြိုခွင်းနေမှုများအား အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၏ ထိပ်တန်း စစ်ဘက်ခေါင်းဆောင်များ စုပေါင်းပြီး ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။ မြန်မာစစ်တပ်သည် လူထု၏ ယုံကြည်မှုကိုလည်း ဆုံးရှုံးသွားပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကြေညာချက်ကို အမေရိကန်၊ ယူကေ၊ ဂျာမနီ၊ ကနေဒါ၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဂရိ၊ နယ်သာလန်နှင့် နယူဇီလန်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးချုပ်များ ပူးတွဲ လက်မှတ်ရေးထိုးကာ ယခုကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
စနေနေ့တွင် မြန်မာနိုင်ငံ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကလေးသူငယ်အချို့ အပါအဝင် သေဆုံးသူ ၁၁၄ ဦးအထိ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ ပူးတွဲကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အာရှနှင့် ဥရောပနိုင်ငံအများအပြားမှ စစ်ဦးစီးချုပ်များ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ လုပ်ဆောင်ချက်တစ်ရပ်လည်း ဖြစ်သည်။
အရည်အချင်း ပြည့်ဝသည့် စစ်တပ်သည် နိုင်ငံတကာ စံချိန်စံညွှန်းများကို လိုက်နာရမည်ဖြစ်ပြီး သူ၏ ပြည်သူများကို အကာအကွယ်ပေးရန် တာဝန်ရှိပြီး အန္တရာယ်ပေးရန်မဟုတ်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ တစ်နိုင်ငံလုံး အနှံ့ ဆန္ဒဖော်ထုတ်မှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး အဆိုပါ ဆန္ဒပြမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်းမှာ မတ်လ ၂၇ ရက်နေ့အထိ ၄၂၃ ဦး ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မတ်လ ၂၇ ရက်နေ့ တစ်ရက်တည်းတွင် သေဆုံးသူစုစုပေါင်း ၁၁၄ ဦးရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။