- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာ့ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကူညီမည်ဟု အမေရိကန်နှင့် မဟာမိတ်နိုင်ငံများပြော
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြည်လည်ရရှိရေးအတွက် လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်ခေါင်းဆောင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။
13 Mar 2021
DMG ၊ မတ် ၁၃
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြည်လည်ရရှိရေးအတွက် လေးနိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဂျပန်ခေါင်းဆောင်များက သောကြာနေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် သောကြာနေ့တွင် အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ ခေါင်းဆောင်များနှင့် အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။ လေးနိုင်ငံခေါင်းဆောင်များ၏ ယခုဆွေးနွေးပွဲသည် ဒေသတွင်း လုံခြုံရေးအတွက် အမေရိကန်၏ တွန်းအားပေးမှု တစ်ရပ်လည်းဖြစ်သည်။
မိမိတို့သည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် ကာလရှည်ကြာ အားပေးထောက်ခံလာသည့် နိုင်ငံများဖြစ်သည့် အားလျော်စွာ မြန်မာ့ဒီမိုကရေစီကို ပြန်လည်အသက်သွင်းရေးနှင့် ဒီမိုကရေစီအတွက် ခုခံတွန်းလှန်မှုများ အားကောင်းလာစေရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်သည့် ပူးတွဲကြေညာချက်၌ ခေါင်းဆောင်လေးဦးက ထည့်သွင်းပြောကြားထားသည်။
တရုတ်နှင့် အနီးကပ်ဆက်ဆံရေး ရှိထားသည့် မြန်မာနိုင်ငံအတွင်း အာဏာရယူမှုသည် အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်၏ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ပေးမည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်နေသည်ဟု ရိုက်တာသတင်းတစ်ရပ်က ဆိုသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာရယူပြီးနောက် နှိမ်နင်းခံရသော ဆန္ဒပြသူ စုစုပေါင်း ၇၀ ကျော်နေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။