- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
လွတ်လပ်မှုအတွက် အာရှနိုင်ငံများနှင့် ရပ်တည်မည်ဟု အမေရိကန်သမ္မတ ပြော
အမေရိကန်ပြည်ထောင်စုအနေဖြင့် ပင်လယ်ရေပြင်များ၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ကာကွယ်ရာတွင် အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ ရပ်တည်သွားမည်ဟု ဗုဒ္ဓဟူးနေ့ကျင်းပသည့် အာဆီယံထိပ်သီးညီလာခံ၌ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။
29 Oct 2021
DMG ၊ အောက်တိုဘာ ၂၉
အမေရိကန်ပြည်ထောင်စုအနေဖြင့် ပင်လယ်ရေပြင်များ၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို ကာကွယ်ရာတွင် အရှေ့တောင်အာရှနိုင်ငံများနှင့်အတူ ရပ်တည်သွားမည်ဟု ဗုဒ္ဓဟူးနေ့ကျင်းပသည့် အာဆီယံထိပ်သီးညီလာခံ၌ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။
ထိုင်ဝမ်အပေါ်ထားရှိသည့် တရုတ်၏ လုပ်ရပ်များသည် နိုင်ထက်စီးနင်းဆန်ပြီး ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေကြောင်းလည်း အမေရိကန်သမ္မတ ဘိုင်ဒန်က ပြောကြားသွားသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်သည် တောင်တရုတ်ပင်လယ်၏ ဧရိယာအများစုကို ထိန်းချုပ်ထားသလို ထိုင်ဝမ်အပေါ်၌လည်း စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားများပေးနေသည်။
အရှေ့တောင်အာရှသည် အမေရိကန်နှင့် တရုတ်တို့အတွက် မဟာဗျူဟာမြောက် စစ်မြေပြင် ဖြစ်လာလျှက်ရှိသည်။
အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက် ရှိထားကြောင်း သမ္မတဘိုင်ဒန်က ညီလာခံ၌ ထပ်လောင်းပြောကြားသွားသည်။
“တရုတ်ရဲ့ နိုင်ထက်စီးနင်း လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ နက်ရှိုင်းစွာ စိုးရိမ်ပူပန်မှုရှိပါတယ်” ဟု ဘိုင်ဒန်က ပြောသည်။ တရုတ်၏ လုပ်ရပ်များသည် “ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေ” သည်ဟုလည်း သူက ဆိုသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍လည်း သမ္မတဘိုင်ဒန်က “ဒေသတွင်းတည်ငြိမ်ရေးကို အကြီအကျယ် လှုပ်ခတ်မှုရှိလာနေတဲ့ မြန်မာ့စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းကြေကွဲရမှုအတွက် ကျွန်တော်တို့ ရင်ဆိုင်ကြရမှာပါ” ဟု ပြောကြားခဲ့သည်။
အာဆီယံအဖွဲ့ကြီးသည် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နှစ်ပတ်လည် ထိပ်သီးညီလာခံသို့ တက်ရောက်ခွင့် မပြုခဲ့ပေ။ အဆိုပါညီလာခံအား အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ မြန်မာနိုင်ငံမှတက်ရောက်သည့် ကိုယ်စားလှယ်မပါဘဲ ကျင်းပလျက်ရှိသည်။