- စစ်တွေမြို့သို့ စစ်ကောင်စီက ကုန်စည်တင်သွင်းနေသော်လည်း ပြည်သူများထံ မရောက်
- သုံးရက်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃၀ ကျော်ရှိ
- မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီ ဖျက်ဆီးနေ
- ဘူးသီးတောင်မြို့တွင် မွတ်ဆလင်များ AA ကို ဆန္ဒပြပြန်
- စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
မြောက်ကိုရီးယားအပေါ် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်
ပြုံယမ်းက မကြာသေးမီးက ဒုံးကျည်စမ်းသပ်မှု အမြောက်အများ ပြုလုပ်ခဲ့သည်ကို တုံ့ပြန်သောအားဖြင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များ ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Dec 2022
ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၃
ပြုံယမ်းက မကြာသေးမီးက ဒုံးကျည်စမ်းသပ်မှု အမြောက်အများ ပြုလုပ်ခဲ့သည်ကို တုံ့ပြန်သောအားဖြင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များ ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်က ဒဏ်ခတ်မှု၌ မြောက်ကိုရီးယားအရာရှိသုံးဦး၏ အမေရိကန်ပြည်ထောင်စုတွင် ရှိနေသော မည်သည့်ပိုင်ဆိုင်မှုမျိုးကိုမဆို ပိတ်ဆို့လိုက်ကြောင်း ဝါရှင်တန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပိတ်ပင်ခံရသော အရာရှိသုံးဦးမှာ ဒုံးကျည်စမ်းသပ်မှု၌ တိုက်ရိုက်ပါဝင်သည်ဟု စစ်ဆေးတွေ့ရှိရသော ဂျွန်အီဟို၊ ယူဂျင်းနှင့် ကင်ဆုဂီတို့ဖြစ်ကြသည်။
အမေရိကန်ပြည်တွင်းအထိ ရောက်အောင်ပစ်ခတ်နိုင်စွမ်းရှိသော တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုအပါအဝင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများသည် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးကို လုံခြုံရေးအရ စိုးရိမ်ပူပန်ရမှုများ ဖြစ်စေလျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ကြေညာချက်တွင် ပြောကြားထားသည်။
တိုကျိုနှင့် ဆိုးလ်တို့ကလည်း မြောက်ကိုရီးယားအပေါ် ၎င်းတို့၏ အရေးယူမှု အသစ်များအား ယမန်နေ့က အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
တောင်ကိုရီးယား၏ အရေးယူမှုတွင် စင်္ကာပူနိုင်ငံသား တစ်ဦးနှင့် ထိုင်ဝမ်လူမျိုးတစ်ဦး အပါအဝင် စုစုပေါင်း ရှစ်ဦးပါဝင်သည်။
ဂျပန်က အရေးယူမှုတွင် မြောက်ကိုရီးယားကုမ္ပဏီသုံးခုနှင့် တစ်သီးပုဂ္ဂလ လူပုဂ္ဂိုလ်တစ်ဦးတို့ ပါဝင်သည်။
ယခုအရေးယူမှုများသည် မိမိတို့၏ မဟာမိတ်များဖြစ်ကြသော တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။