- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန်ဒုသမ္မတ တောင်ကိုရီးယားသို့ လာရောက်ရန်စီစဉ်ထားချိန် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်
မြောက်ကိုရီးယားသည် စက်တင်ဘာလ ၂၅ ရက်နေ့က နိုင်ငံအရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့သည်။
26 Sep 2022

DMG | စက်တင်ဘာ ၂၆
မြောက်ကိုရီးယားသည် စက်တင်ဘာလ ၂၅ ရက်နေ့က နိုင်ငံအရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့သည်။
တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့ဝင်များပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် စီစဉ်ထားသလိုအမေရိကန် ဒုသမ္မတကာမာလာဟဲရစ်ကိုယ်တိုင် တောင်ကိုရီးယားသို့ အလည်အပတ် လာရောက်ရန် ရှိနေချိန်၌ မြောက်ကိုရီးယားဘက်ကယခုကဲ့သို့ ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးအမည် ခွဲခြားမသိရသည့် အဆိုပါ တာတိုပစ်ဒုံးကျည်အား ပြုံယမ်းခရိုင်မြောက်ပိုင်းရှိ တယ်ချွန်းဧရိယာဘက်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က ထုတ်ပြန်သည်။
ဒေသစံတော်ချိန် နံနက် ၇ နာရီခန့်တွင် ပစ်လွှတ်ခဲ့သောအဆိုပါဒုံးကျည်သည် အမြင့်ပေ ၆၀ ကီလိုမီတာခန့်တွင် ၆၀၀ ကီလိုမီတာအကွာအဝေးအထိရောက်ရှိခဲ့သည်။
“မြောက်ကိုရီးယားဘက်ကယခုကဲ့သို့ ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့မှုသည် ကိုရီးယားကျွန်းဆွယ်နှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် ပြင်းပြင်းထန်ထန် ရန်စမှုတစ်ရပ် ဖြစ်သည်” ဟု တောင်ကိုရီးယားစစ်ဦးစီးချုပ်များ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
မြောက်ကိုရီးယားဘက်ကပစ်လွှတ်သောဒုံးကျည်သည် ဂျပန်အထူးစီးပွားရေးဇုန် ပြင်ပသို့ ကျရောက်ခဲ့ပြီး ရေကြောင်းသွားလာမှုတွင် တစ်စုံတစ်ရာထိခိုက်မှုမကြားသိရဟု ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆုကာဇုဟာမာဒါက ပြောကြားသည်။
အမေရိကန် အင်ဒို-ပစိဖိတ် ကွပ်ကဲရေးဌာနချုပ်ကမိမိတို့အနေဖြင့် ယခုပစ်ခတ်မှုကိုသိရှိထားပြီဖြစ်ကာ မဟာမိတ်များနှင့် အနီးကပ် ဆွေးနွေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သောနှစ်များအတွင်း မြောက်ကိုရီးယားက စမ်းသပ်ပစ်လွှတ်ခဲ့သည့် တာတိုပစ်ဒုံးကျည် အများစုသည် ဒုံးကျည်ကာကွယ်ရေးစနစ်များကို ကျော်ဖြတ်နိုင်အောင် ရည်ရွယ်ပြီး ဒီဇိုင်းဖန်တီးထားခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောသည်။