- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဗီယက်နမ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ယမန်နှစ်ထက် နှစ်ဆပိုမြင့်တက်
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုပမာဏသည် ၂၀၂၁ ခုနှစ်ထက် နှစ်ဆမြင့်တက်နေပြီး ဆေးရုံများအနေဖြင့် ပိုမိုများပြားလာသည့် လူနာများကို ကုသပေးနိုင်အောင် အသင့်ပြင်ဆင်ထားကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 Jul 2022
DMG ၊ ဇူလိုင် ၁၅
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုပမာဏသည် ၂၀၂၁ ခုနှစ်ထက် နှစ်ဆမြင့်တက်နေပြီး ဆေးရုံများအနေဖြင့် ပိုမိုများပြားလာသည့် လူနာများကို ကုသပေးနိုင်အောင် အသင့်ပြင်ဆင်ထားကြရန် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗီယက်နမ်တွင် ၂၀၂၁ ခုနှစ်က ပထမခြောက်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု ၃၅၉၃၆ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၄၈ ရာခိုင်နှုန်းအထိ မြင့်တက်ပြီး ပုံစံတူကာလအတွင်း ၈၉၁၂၀ အထိရှိကာ သေဆုံးသူ ၃၄ ဦးအထိ မြင့်တက်ခဲ့သည်။
လူဦးရေ ၉၈ သန်းရှိသည့် ဗီယက်နမ်တွင် ပြီးခဲ့သောနှစ်များအတွင်း နိုင်ငံတွင်း ကူးစက်မှုသည် နှစ်စဉ် ၁၁၀၀၀၀ ဝန်းကျင်ရှိပြီး ဇွန်လမှ အောက်တိုဘာလအတွင်း ကူးစက်မှုအမြင့်ဆုံးဖြစ်သည်။
“ကူးစက်မှုတွေ ထပ်မံမြင့်တက်လာဦးမယ်လို့ ခန့်မှန်းရသလို ပိုမိုပြင်းထန်တဲ့ ဖြစ်ပွားမှုတွေလည်း ဆေးရုံတက်ကုသတာတွေ ရှိလာနိုင်ပါတယ်” ဟု ယခုသီတင်းပတ်အတွင်း ကျန်းမာရေးလမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့သည့် ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
သွေးလွန်တုပ်ကွေးသည် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်ပြီး အရှေ့တောင်အာရှတွင် တွေ့ရများသည်။ တုပ်ကွေးနှင့်ပုံစံတူ ရောဂါလက္ခဏာများရှိပြီး ကာကွယ်ဆေးမရှိပေ။ ရောဂါပြင်းထန်ပါက ကိုယ်တွင်းသွေးယိုစီးမှုများ ဖြစ်ပေါ်တတ်သည်။