- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သမိုင်းဝင်ဗင်းနစ်မြို့တွင် စံချိန်တင် ဒီရေမြင့်တက်မှုကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီး
ရေကြီးမှုကြောင့် ခရီးသွားများစိတ်ဝင်စားသော နေရာတစ်ခုဖြစ်သည့် စိန့်မတ်ရင်ပြင်အပါအဝင် စာသင်ကျောင်းများကိုလည်း ပိတ်ထားလိုက်ရပြီဖြစ်သည်။ ပျက်စီးသွားသော နေအိမ်များသည် ယူရိုငွေ ၅၀၀၀ (အမေရိကန်ဒေါ်လာ ၅၅၀၀)၊ စီးပွားရေးလုပ်ငန်းများသည် ယူရိုငွေ ၂၀,၀၀၀ အထိ နစ်နာကြေး ရရှိမည်ဖြစ်သည်။
17 Nov 2019
အီတလီနိုင်ငံ ဗင်းနစ်မြို့တွင် ဒီရေမြင့်တက်မှုကြောင့် မြို့တော်၏ ၈၀ ရာခိုင်နှုန်းခန့် ရေလွှမ်းမိုးလျက်ရှိသည်။
ပြီးခဲ့သော အင်္ဂါနေ့တည်းက ဒီရေမြင့်တက်မှုဖြစ်ခဲ့ပြီး ရေမျက်နှာပြင်အထက် ၁.၈၇ မီတာ (ခြောက်ပေ)အထိ မြင့်တက်လာသဖြင့် ကြာသပတေးနေ့တွင် မြို့တော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။
နောက်ပိုင်းရက်များတွင် ဒီရေကျဆင်းခဲ့သော်လည်း စနေနေ့ နံနက်ပိုင်းမှ စတင်ကာ ဒီရေပြန်လည် မြင့်တက်လာခဲ့ပြီး မြို့တော်မှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
ရေကြီးမှုကြောင့် အထင်ကရ အဆောက်အအုံများ၊ ဈေးဆိုင်များနှင့် နေအိမ်များ အများအပြား ပျက်စီးဆုံးရှုံးလျက်ရှိသည်။ ခရီးသွားများစိတ်ဝင်စားသော နေရာတစ်ခုဖြစ်သည့် စိန့်မတ်ရင်ပြင်အပါအဝင် စာသင်ကျောင်းများကိုလည်း ပိတ်ထားလိုက်ရပြီဖြစ်သည်။ ပျက်စီးသွားသော နေအိမ်များသည် ယူရိုငွေ ၅၀၀၀ (အမေရိကန်ဒေါ်လာ ၅၅၀၀)၊ စီးပွားရေးလုပ်ငန်းများသည် ယူရိုငွေ ၂၀,၀၀၀ အထိ နစ်နာကြေး ရရှိမည်ဖြစ်သည်။
ဗင်းနစ်တွင် ၁၉၆၆ ခုနှစ်ကလည်း ရေကြီးမှုဖြစ်ခဲ့ပြီး ၁.၉၄ မီတာအထိ စံချိန်တင်မြင့်တက်ခဲ့သည်။
ရေကြီးမှုနှင့်ဆက်စပ်ပြီး သေဆုံးသူ နှစ်ဦးရှိကြောင်း ဘီဘီစီ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ တစ်ဦးမှာ ဓာတ်လိုက်သေဆုံးခြင်းဖြစ်ကာ နောက်တစ်ဦးမှာ သေဆုံးလျက် တွေ့ရှိရခြင်းဖြစ်သည်။
ဒီရေကြောင့် ပျက်စီးမှုဒဏ်ခံခဲ့ရသော သမိုင်းဝင်ဘုရားကျောင်း ၅၀ ထက်မနည်း ရှိကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အဝတ်အစားအိတ်များ လက်ဆွဲသေတ္တာများလည်း မြို့တော်တွင်းလမ်းများတွင် ပေါလောမျောလျက်ရှိသည်။
ဗင်းနစ်မြို့တော်တွင် နေထိုင်သူ ၅၀,၀၀၀ ခန့်ရှိပြီး နှစ်စဉ် လာရောက်လည်ပတ်သူ သန်း ၂၀ ခန့်ရှိသည်။
အီတလီအစိုးရသည် ဗင်းနစ်မြို့တော်အတွက် ရေဘေးကာကွယ်ရေး စီမံကိန်း “မိုဆေး” ကို ၂၀၀၃ တွင်စတင်ခဲ့သည်။ ၎င်းစီမံကိန်းကို ၂၀၁၁ တွင် အပြီးလုပ်ဆောင်မည်ဟု လျာထားခဲ့သော်လည်း ယခုအချိန်ထိ မပြီးသေးဘဲ ၂၀၂၁ တွင် အသုံးပြုရန်အသင့်ဖြစ်မည်ဟု ခန့်မှန့်ထားသည်။
ဗင်းနစ်မြို့တော်ဝန် လူဂျီဘရူနာရိုက ယခုရေကြီးမှုသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု၏ အကျိုးသက်ရောက်မှုများဖြစ်ကာ ဆုံးရှုံးမှု ကြီးမားမည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။