အိမ်ဖြူတော်အနီး မိုးကြိုးပစ်လို့ နှစ်ဦးသေ၊ နှစ်ဦး အရေးပေါ်အခြေအနေတွင်ရှိ

အိမ်ဖြူတော်တစ်ဘက်ခြမ်းရှိ လာဖေးယက်ရင်ပြင်တွင် သြဂုတ်လ ၄ ရက်နေ့ ညနေ ရ နာရီခန့်က မိုးကြိုးပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

07 Aug 2022

လာဖေးယက်ရင်ပြင်ရှိ သမ္မတအင်ဒရူးဂျက်ဆင် ရုပ်တုအား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ - AFP


DMG ၊ ဩဂုတ် ၇

အိမ်ဖြူတော်တစ်ဘက်ခြမ်းရှိ လာဖေးယက်ရင်ပြင်တွင် သြဂုတ်လ ၄ ရက်နေ့ ညနေ ရ နာရီခန့်က မိုးကြိုးပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးသွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မိုးကြိုးပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း ဝါရှင်တန် မီးသတ်နှင့်အရေးပေါ်ကယ်ဆယ်ရေး ဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့လေးဦးလုံးကို ဆေးရုံသို့ အရေးပေါ် သယ်ယူသွားပြီး နောက်နေ့နံနက်၌ မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့က ၎င်းတို့အနက် နှစ်ဦးသေဆုံးပြီး နှစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း အတည်ပြုပြောကြားခဲ့သည်။

၎င်းတို့လေးဦးသည် လာဖေးယက်ရင်ပြင် အထိမ်းအမှတ်ဖြစ်သော သမ္မတအင်ဒရူးဂျက်ဆင် ရုပ်ထုနှင့် ပေ ၁၀၀ ခန့်အကွာတွင် မိုးကြိုးထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းတွင်ဖော်ပြသည်။

သြဂုတ်လ ၄ ရက်နေ့ ညပိုင်းတွင် ဝါရှင်တန်၌ ပြင်းထန်သည့် မိုးကြိုးမုန်တိုင်းတစ်ရပ် တိုက်ခတ်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။