- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သတင်းထောက်ကို ခြိမ်းခြောက်ခဲ့သည့် အိမ်ဖြူတော်ပြောခွင့်ရ လက်ထောက် ရာထူးမှနုတ်ထွက်
သတင်းထောက်တစ်ဦးအား ခြိမ်းခြောက်ပြောကြားခဲ့သော အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရလက်ထောက် တီဂျေဒက်ကလိုသည် ရာထူးမှနုတ်ထွက်သွားပြီ ဖြစ်သည်။
16 Feb 2021

သတင်းထောက်တစ်ဦးအား ခြိမ်းခြောက်ပြောကြားခဲ့သော အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရလက်ထောက် တီဂျေဒက်ကလိုသည် ရာထူးမှနုတ်ထွက်သွားပြီ ဖြစ်သည်။
ဒက်ကလိုသည် ၎င်းနှင့် သတင်းထောက်တစ်ဦးအကြား ဆက်ဆံရေးအား ရေးသားဖော်ပြရန် ကြိုးစားသည့် သတင်းထောက်အမျိုးသမီးအား ခြိမ်းခြောက်ပြောဆိုခဲ့သည့် အတွက် တစ်ပတ်ကြာ လစာမဲ့ ရာထူးဆိုင်းငံ့ခံခဲ့ရပြီး နောက်နေ့တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ အကြောင်းကို ရေးသားရန်ကြိုးစားခဲ့သည့် နိုင်ငံရေးသတင်းထောက် အမျိုးသမီးအား ဒက်ကလိုက “ဘဝပျက်အောင် လုပ်ပစ်လိုက်မည်” ဟု ခြိမ်းခြောက် ပြောဆိုခဲ့ခြင်းဖြစ်သည်။
စနေနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်၌ ဒက်ကလိုက “မိမိ၏ နောင်တရမှု၊ အရှက်ရမှုနှင့် ကိုယ့်အမူအကျင့်အပေါ် ရွံရှာမှုကို စကားလုံးဖြင့် ဖော်ပြနိုင်စွမ်း မရှိပါကြောင်း” ထည့်သွင်းဖော်ပြထားသည်။
ယခုနုတ်ထွက်မှုသည့် သမ္မတသစ်ဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့မှ တစ်လအတွင်း ပထမဆုံး နုတ်ထွက်မှုလည်း ဖြစ်သည်။
ဝန်ထမ်းအချင်းချင်းနှင့် အခြားတစ်ယောက်ယောက်အပေါ် မလေးမစား ပြောဆိုပြုမူမှုများ ရှိခဲ့ပါက ချက်ချင်း အလုပ်ထုတ်ပစ်မည်ဟု သမ္မတဘိုင်ဒန်သည် ၎င်းကျမ်းသစ္စာကျိန်ဆိုသည့်နေ့၌ ဝန်ထမ်းများအား သတိပေးပြောကြားခဲ့သည်။