- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
နယူးယောက်နှင့် ဝါရှင်တန်မှ အိမ်ခြေမဲ့များကို နှောင့်ယှက်မှု၊ သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု ယူဆရသူကို ဖမ်းဆီး
နယူးယောက်နှင့် ဝါရှင်တန်မြို့ရှိ လမ်းများပေါ်မှ အိမ်ခြေမဲ့များအား နှောင့်ယှက်ခြင်း သေနတ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ယူဆရသူတစ်ဦးက မတ်လ ၁၅ ရက်နေ့ အစောပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 Mar 2022

DMG ၊ မတ်လ ၁၇ ရက်
နယူးယောက်နှင့် ဝါရှင်တန်မြို့ရှိ လမ်းများပေါ်မှ အိမ်ခြေမဲ့များအား နှောင့်ယှက်ခြင်း သေနတ်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ယူဆရသူတစ်ဦးက မတ်လ ၁၅ ရက်နေ့ အစောပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တိုက်ခိုက်မှုများကြောင့် သေဆုံးသူ အနည်းဆုံးနှစ်ဦး ရှိပြီး နောက်ထပ် သုံးဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။
မြို့ကြီးနှစ်မြို့ရှိ လမ်းများနှင့် အခြားနေရာများ၌ လူသတ်မှုသတင်းများ ထွက်ပေါ်လာပြီး လူထုက ညဉ့်အချိန် အပြင်ထွက်ရမည်ကို စိုးရိမ်မှုများ ရှိလာခဲ့သည့်နောက်ပိုင်းတွင် သံသယတရားခံ ဂျရက်ဘရီဗက်အား ဝါရှင်တန်တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အသက် ၃၀ အရွယ် ဂျရက်ဘရီဗက်ကို ဝါရှင်တန်တွင် ဖြစ်ခဲ့သည့် အမှုများနှင့် ပတ်သက်ပြီး အင်္ဂါနေ့တွင် တရားစွဲဆိုခဲ့ကာ နယူးယောက်တွင် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မစွဲဆိုရသေးပေ။
ဘရီဗက်သည် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား သေစေနိုင်သည့် လက်နက်ဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ဖူးသည့် မှုခင်းရာဇဝင် ရှိထားသူတစ်ဦးလည်း ဖြစ်သည်။
အိမ်ခြေမဲ့များအား ပစ်ခတ်မှုတွင် .၂၂ ကာလီဘာကျည်ဆန်များ အသုံးပြုခဲ့ပြီး မျက်နှာဖုံးတပ်ကာ ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ စောင့်ကြည့်ရေးကင်မရာများတွင် တွေ့မြင်ရသည့် ရုပ်ပုံများနှင့်အတူ ဆက်စပ်ပြီး နယူးယောက်နှင့် ဝါရှင်တန်ရှိ ပစ်ခတ်မှုများကို ဆက်စပ် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သံသယတရားခံအနေဖြင့် အခြားမြို့ကြီးများတွင်လည်း မှုခင်းကျူးလွန်ခဲ့မှုများ ရှိမရှိ သိနိုင်အောင် ရဲတပ်ဖွဲ့ဝင်များ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း အေပီသတင်းတွင် ဖော်ပြသည်။