သမ္မတပူတင် ယခုရက်ပိုင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်သို့ အလည်အပတ်သွားမည်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည်လည်း ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး သမ္မတပူတင်နှင့် တွေ့ဆုံခဲ့သေးသည်။

By Admin 18 Jun 2024

ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ရုရှားသမ္မတပူတင်တို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံနှုတ်ဆက်စဉ်။ ဓာတ်ပုံ - KCNA
ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ရုရှားသမ္မတပူတင်တို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံနှုတ်ဆက်စဉ်။ ဓာတ်ပုံ - KCNA

ရုရှားသမ္မတပူတင်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် ဗီယက်နမ်သို့ ဆက်လက်သွားရောက်မည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင်၏ ဖိတ်ကြားချက်အရ သမ္မတပူတင်သည် မြောက်ကိုရီးယားသို့ ဇွန်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် အလည်အပတ် သွားရောက်မည်ဟု ကရင်မလင်က ပြောကြားထားသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည်လည်း ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး သမ္မတပူတင်နှင့် တွေ့ဆုံခဲ့သေးသည်။

မြောက်ကိုရီးယားသည် ရုရှားအား ယူကရိန်းတိုက်ပွဲအတွက် လက်နက်များ ထောက်ပံ့ပေးနေကြောင်း အမေရိကန်နှင့် မဟာမိတ်များက ထုတ်ဖော်ပြောကြားမှုများရှိသည်။ ယူကရိန်းကလည်း ရုရှားနှင့် ဖြစ်ပွားသည့် စစ်မြေပြင်တွင် မြောက်ကိုရီးယားနိုင်ငံထုတ် လက်နက်ကြီးကျည်များ တွေ့ရှိရသည်ဟု ထုတ်ဖော်ပြောကြားထားသည်။

မြာက်ကိုရီးယားကမူ အဆိုပါ ပြောကြားချက်များသည် အနောက်အုပ်စု၏ ဝါဒဖြန့်ချိမှုများသာ ဖြစ်ကြောင်း ပြောကြားပြီး ငြင်းပယ်ထားသည်။

သမ္မတပူတင်သည် ဗီယက်နမ်နိုင်ငံသို့ ဇူလိုင်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ရောက်ရှိမည်ဟု ဗီယက်နက်အစိုးရပိုင် မီဒီယာက ကြေညာထားသည်။ 

ရုရှားနှင့် ဗီယက်နမ်တို့သည် ကွန်မြူနစ် အိုင်ဒီယိုလိုဂျီကို ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့ကြသည့် နိုင်ငံများဖြစ်သည်။ စစ်အေးတိုက်ပွဲ ကာလအတွင်း၌လည်း ဆိုဗီယက်ပြည်ထောင်စုသို့ သွားရောက်ပညာသင်ကြားခဲ့သည့် ဗီယက်နမ် ဗိုလ်လောင်း သောင်းပေါင်းများစွာ ရှိခဲ့သည်။

လက်ရှိတွင်လည်း မော်စကိုသည် ဗီယက်နမ်ကို လက်နက်ရောင်းချနေသည့် ထိပ်တန်းနိုင်ငံကြီးဖြစ်သည်။ တရုတ်နှင့် ဗီယက်နမ်ကြား ပိုင်နက်အငြင်းပွားနေကြသည့် တောင်တရုတ်ပင်လယ် ရေပြင်ရှိ ဗီယက်နမ် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှုများကို အဓိက ဆောင်ရွက်နေကြသည်မှာလည်း ရုရှား ကုမ္ပဏီများ ဖြစ်သည်။

ဗီဒီယိုများ