- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
AA နှင့် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရပြော
“ဒီတော့ နယ်စပ်အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာအစိုးရနဲ့သာမက အာရက္ခတပ်တော်နဲ့ပါ ဆက်သွယ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ချောင်ဒရီက ပြောသည်။
02 Jan 2025
DMG ၊ ဒီဇင်ဘာ ၃၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေဖြင့် နယ်စပ်အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့်သာမက အာရက္ခတပ်တော်နှင့်ပါ ဆက်သွယ်ဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန အကြံပေး အငြိမ်းစားဗိုလ်ချုပ်ကြီး ဂျာဟန်ဂါ အာလမ် ချောင်ဒရီက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်သည်။ နတ်မြစ်အနီး တက္ကနာရှိ ဒွန်ဒိုမီယာနယ်စပ်ဒေသသို့ ရောက်ရှိစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
၂၇၁ ကီလိုမီတာ ရှည်လျားသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ဧရိယာ တလျှောက်သည် ယခုအခါ အာရက္ခတပ်တော်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဟု ချောင်ဒရီက ပြောသည်။
“ဒီတော့ နယ်စပ်အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာအစိုးရနဲ့သာမက အာရက္ခတပ်တော်နဲ့ပါ ဆက်သွယ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု သူကပြောသည်။
မွတ်ဆလင်ဒုက္ခသည်အရေး ဖြေရှင်းရေးနှင့် ပတ်သက်၍လည်း ကျွမ်းကျင်သူတစ်ဦးကို သီးသန့် ခန့်အပ်ထားပြီဟု သူကပြောသည်။
“အခြေအနေကို အချိန်ပြည့် စောင့်ကြည့်နေပါတယ်” ဟု သူကပြောသည်။
“နယ်စပ်မှာ ဘာပြဿနာမှ မရှိပါဘူး။ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ၊ ကမ်းခြေစောင့်တပ်နဲ့ အခြား လုံခြုံရေး အဖွဲ့ဝင်တွေဟာ သတိအပြည့်နဲ့ သူတို့တာဝန်ကို ထမ်းဆောင်နေကြပါတယ်” ဟုလည်း ပြည်ထဲရေးအကြံပေး ချောင်ဒရီက ပြောကြားသည်။
ရခိုင်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လတ်တလောတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ဝင်ရောက်လာသူ ၆၀,၀၀၀ ခန့်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောကြားထားသည်။ မွတ်ဆလင်အကျပ်အတည်းကြီးကို မဖြေရှင်းနိုင်လျှင် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အထမြောက်မည်မဟုတ်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနအကြံပေး တိုဟစ်ဟူစိန်ကလည်း ပြောကြားထားသည်။
မူးယစ်ဆေးဝါးအရေးနှင့် ပတ်သက်၍ ဖြေကြားရာတွင်လည်း အာလမ်ချောင်ဒရီက တက္ကနာသည် မူးယစ်ဆေးပြဿနာကို ရင်ဆိုင်နေရသည်မှာ ကြာပြီဟု ပြောကြားသည်။
“ဘင်္ဂလားဒေ့ရှ် ပိုင်နက်ထဲက ဂျာလီယာဒီယာချာ ဒေသမှာ ရာဇဝတ်ကောင်တချို့ ရှိပါတယ်။ မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို သူတို့ ထိန်းချုပ်ထားကြတာပါ။ လက်ရှိအစိုးရ အာဏာရလာပြီးနောက် သူတို့ကို ဖယ်ရှားလိုက်ပါပြီ” ဟု သူကဆိုသည်။
နတ်မြစ်အတွင်း ငါးဖမ်းခွင့် ပိတ်ပင်ထားသည်ကိုမူ လတ်တလောတွင် ခွင့်ပြုရန် မရှိသေးကြောင်း သူကပြောသည်။
“နတ်မြစ်အတွင်း ငါးဖမ်းခွင့်ပြုဖို့ ဆုံးဖြတ်ချက်က မြန်မာဘက်က အခြေအနေအပေါ် မူတည်နေပါတယ်။ တစ်ဘက်ခြမ်းမှာက တခါတခါ သေနတ်သံတွေ ကြားရဆဲ ဖြစ်သလို ဒီဘက်မှာလည်း ခဲယမ်းမီးကျောက်တွေ တွေ့ရတာ ရှိပါတယ်” ဟု သူကပြောသည်။