- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကာလဝမ်းရောဂါ ကာကွယ်ရေး ဆေးဝါးများ မြန်မာအတွက် ထိုင်းဘက်က ကူညီ
မြန်မာနိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု အရေအတွက် ၇,၀၀၀ ခန့်ရှိနေကြောင်း တရားဝင်မဟုတ်သော အစီရင်ခံစာများက ဆိုသည်ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။
25 Dec 2024

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ကာလဝမ်းရောဂါဝေဒနာရှင် ၂,၄၀၀ နီးပါးအတွက် ဆေးဝါးအကူအညီများ နှင့်အတူ ကာလဝမ်းရောဂါ ကာကွယ်ဆေး ထိုးဆေးအလုံးရေ ၅,၀၀၀ နီးပါးကို ရန်ကုန်၊ မန္တလေးနှင့် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးများ၌ ပျံ့နှံ့ဖြစ်ပွားနေသော ကာလဝမ်းရောဂါကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေရန် ပို့ဆောင်ပံ့ပိုးကာ ကူညီလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု အရေအတွက် ၇,၀၀၀ ခန့်ရှိနေကြောင်း တရားဝင်မဟုတ်သော အစီရင်ခံစာများက ဆိုသည်ဟု ဘန်ကောက်ပို့စ်က ရေးသားထားသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်စီရင်စုရှိ မဲရာမတ်ခရိုင်နှင့် ထိစပ်နေသော ရွှေကုက္ကိုမြို့တွင် ကာလဝမ်းရောဂါဖြစ်ပွားမှု ၃၀၀ ရှိနေသည်ဟု သတင်းများက ဆိုသည်။
တာ့ခ်စီရင်စုရှိ မဲဆောက်ခရိုင်တွင် ရောဂါကူးစက်ခံရသူ လေးဦးရှိပြီး ယင်းသို့ ရောဂါကူးစက်ခံထားရသော ထိုင်းနိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၂ ဦးတို့မှာ ဆေးကုသမှုများ ခံယူနေရသည်ဟု အတည်ပြုထားပြီဖြစ်သည်။
ထိုင်းအာဏာပိုင်များသည် လူနာ ၂,၄၀၀ ခန့်အတွက် လုံလောက်မှုရှိစေနိုင်မည့် ကာလဝမ်းရောဂါ သောက်ဆေးအလုံးရေ ၂၄,၀၀၀ နှင့် ကာလဝမ်းရောဂါ ကာကွယ်ဆေး ထိုးဆေး ၁,၄၈၂ လုံးတို့ကို မဲရာမတ်ဆေးရုံကတဆင့် ပို့ပေးခဲ့သည်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးဌာနက အဆိုပါ ကာလဝမ်းရောဂါ ကာကွယ်ဆေး ထိုးဆေးသည် ကာလဝမ်းရောဂါ ကာကွယ်မှုခုခံအားကို တည်ဆောက်ရာတွင် ခြောက်လအထိ အထောက်အကူပေးလိမ့်မည်ဟု ပြောကြားထားသည်။
ထိုင်းအစိုးရသည် ပြည်သူများကို ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှု အန္တရာယ်နည်းပါးစေရန်အတွက် အစားအစာများကို သေချာကျနစွာ ချက်ပြုတ်ရန်နှင့် ရေကို ဆူပွက်သည်အထိ ကျိုချက်သောက်သုံးရန် တိုက်တွန်းထားသည်။
ထိုင်းအာဏာပိုင်များက ကာလဝမ်းရောဂါသည် လေမှတဆင့် ကူးစက်ခြင်းမဟုတ်ကြောင်း၊ အထူးသဖြင့် အန္တရာယ်ရှိသူများနှင့် ထိတွေ့ဆက်ဆံနေရသူများ သို့မဟုတ် အစားအသောက် မျှဝေစားသုံးရသည့် ပတ်ဝန်းကျင်တွင် နေထိုင်သူများသည် လက်သန့်ရှင်းရေး၏ အရေးပါမှုကို အလေးထားရန် လိုအပ်ကြောင်း ပြောကြားထားသည်။