- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေအဖွဲ့က မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် ကိုရီးယားနှင့် အိန္ဒိယ ဓာတ်ငွေ့ကုမ္ပဏီထံတွင် ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း
မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှစ်ခုကို အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း နော်ဝေဗဟိုဘဏ်က ဧပြီလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
28 Apr 2023
မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှစ်ခုကို အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း နော်ဝေဗဟိုဘဏ်က ဧပြီလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
တောင်ကိုရီးယားအစိုးရပိုင် Korea Gas Corp (KOGAS) နှင့် အိန္ဒိယဓာတ်ငွေ့ကုမ္ပဏီ GAIL တို့သည် “စစ်ပွဲသို့မဟုတ် ပဋိပက္ခ ဖြစ်စဉ်များ၌ ပုဂ္ဂလိကအခွင့်အရေးများ အကြီးအကျယ် ချိုးဖောက်ခံရမှုကို အားပေးအားမြှောက်ဖြစ်စေနိုင်သည့် လက်ခံနိုင်ဖွယ်ရာမရှိသော” လုပ်ရပ်များကြောင့် အဆိုပါကုမ္ပဏီများအား နော်ဝေအစိုးရပင်စင်ရန်ပုံငွေမှ ထုတ်ပယ်လိုက်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ်ကုန်တွင် ရန်ပုံငွေအဖွဲ့သည် KOGAS တွင် ရှယ်ယာတန်ဖိုး အမေရိကန်ဒေါ်လာ ၅.၅ သန်း ပိုင်ဆိုင်ထားပြီး GAIL တွင် ၇၀.၂ သန်း ပိုင်ဆိုင်ထားသည်။
မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် အဖွဲ့အစည်းများနှင့် အဆိုပါကုမ္ပဏီများသည် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ရှိနေသည်ဟု နော်ဝေဘဏ် ရင်းနှီးမြှုပ်နှံမှု ကြီးကြပ်ရေးအဖွဲ့ (NBIM) က ပြောကြားသည်။
နော်ဝေအစိုးရပင်စင်ရန်ပုံငွေအဖွဲ့ကို ၁၉၉၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ ဤအဖွဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အစုရှယ်ယာဈေးကွက်၏ ၁.၅ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်ထားသည်။ နော်ဝေဗဟိုဘဏ်သည် အစိုးရပင်စင်ရန်ပုံငွေအဖွဲ့ မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ ကုပမ္ပဏီပေါင်း ၉၂၀၀ ကျော်ထံ၌ အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်။
ဤအဖွဲ့သည် လွှတ်တော်မှ ချမှတ်ထားသည့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းလည်ပတ်လျက်ရှိပြီး အဆိုပါညွှန်ကြားချက်များကို မလိုက်နာသည့် ကုမ္ပဏီများထံတွင် ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။