- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် မင်းပြားမြို့တွင် အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရ
ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီက ယနေ့ ဧပြီလ ၃၀ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
30 Apr 2024
DMG ၊ ဧပြီ ၃၀
ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီက ယနေ့ ဧပြီလ ၃၀ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
မင်းပြားမြို့မရဲစခန်း၊ မြို့နယ်စည်ပင်ရုံးနှင့် ထွေအုပ်ရုံးအနီးအနားတို့ကို လေကြောင်းဖြင့် နှစ်ကြိမ်တိုင်ဗုံးကြဲခဲ့၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ ဒဏ်ရာရရှိသွားသူများမှာ သပြေညိုရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့မှဖြစ်ပြီး အမျိုးသမီး ၄ ဦးခန့်နှင့် အမျိုးသား ၆ ဦးခန့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
“သပြေညိုရပ်ကွက်ကတောင် ဒဏ်ရာရတဲ့လူ ငါးယောက်အထိ ပါတယ်။ ဒဏ်ရာပြင်းတဲ့သူလည်းရှိတယ်။ လေယာဉ်နဲ့ ဗုံးလာကြဲပြီးမှ စစ်တွေဘက်ကနေ လက်နက်ကြီးနဲ့ ခုနစ်ကြိမ်လောက် လှမ်းပစ်သေးတယ်” ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သပြေညိုရပ်ကွက်မှ နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
မင်းပြားမြို့ကို အာရက္ခတပ်တော်(AA)က ယခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် ဒေသခံအချို့မှာ မြို့ပေါ်သို့ လာရောက်နေထိုင်မှုများရှိသည်။
စစ်ကောင်စီသည် မင်းပြားမြို့နယ်ကို လက်လွှတ်လိုက်ရပြီးနောက် ဆေးရုံအပါအဝင် အရပ်သားများနေထိုင်ရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုများ ရှိနေသည်။
“မင်းပြားမြို့အပါအဝင် အေအေက သိမ်းထားတဲ့ မြို့တော်တော်များများမှာ လူတွေပြန်နေကြတာ နည်းသေးတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြောက်လို့ ပြန်မဝင်ကြသေးတာ။ သူတို့(စစ်ကောင်စီ)မှာ ကျန်ခဲ့တဲ့ အစိုးရရုံးတွေကို တမင်ဖျက်ဆီးတာလား၊ ဘာသတင်းတွေရလို့ ဖျက်ဆီးတာလဲတော့ မသိဘူး” ဟု မင်းပြားမြို့မှ ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ၎င်းတို့၏အားသာချက် လေကြောင်းကိုအသုံးပြုပြီး AA သိမ်းပိုက်ထားသည့် ဒေသများနှင့် တိုက်ပွဲဖြစ်ပွားဆဲ မြို့နယ်များကို လာရောက်ဗုံးကြဲခြင်းများ လုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုလည်း မြင့်တက်နေသည်။