- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီမြေမြှုပ်မိုင်းကြောင့် လူငယ်တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ရေးကာလအတွင်း စစ်ကောင်စီတပ်သားများ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိ၍ ကျောက်တန်းကျေးရွာမှ လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
16 May 2024
DMG ၊ မေ ၁၆
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ရေးကာလအတွင်း စစ်ကောင်စီတပ်သားများ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းနင်းမိ၍ ကျောက်တန်းကျေးရွာမှ လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
သေဆုံးသူမှာ အသက် (၁၆)နှစ်အရွယ် မောင်ခင်မောင်သန်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် (၁၈)နှစ်အရွယ် မောင်အောင်မိုးဦး၊ အသက် (၁၆)နှစ်အရွယ် မောင်စိုးတင်သန်း ဖြစ်သည်။ ၎င်းတို့သုံးဦးမှာ မေလ ၁၅ ရက်က ကျောက်တန်းကျေးရွာမှ ကံပြင်ကျေးရွာသို့သွားစဉ် ကံပြင်စာသင်ကျောင်းအနီးတွင်း မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
“မိုင်နင်းမိပြီး ဒဏ်ရာတွေပြင်းထန်လို့ ဆေးရုံပို့တဲ့အခါ လမ်းမှာ တစ်ယောက်ဆုံးသွားတယ်။ နောက်နှစ်ယောက်ကို ဆေးရုံအရောက်ပို့နိုင်ခဲ့တယ်” ဟု ကျောက်တန်းကျေးရွာသားတစ်ဦးက ပြောသည်။
မိုင်းနင်းမိခဲ့သောနေရာတွင် စစ်ရေးကာလအတွင်း စစ်ကောင်စီတပ်သားများ ယာယီစခန်းချနေထိုင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ရခိုင်ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယာယီစခန်းချနေထိုင်ခဲ့သည့် နေရာများတွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မကြာခဏရှိနေသည်။
“ကျမတို့က တိုက်ပွဲအေးလို့ နေရပ်ပြန်သွားရင်တောင် အထူးသတိပြုရမှာက မိုင်းအန္တာရာယ်ပဲ။ မိုင်းနဲ့ စစ်ကျန်လက်နက်တွေကို ထိရောက်စွာရှင်းလင်းမှု မလုပ်နိုင်သေးသမျှ ကျမတို့အတွက် အန္တရာယ်က လက်တစ်ကမ်းမှာရှိနေတယ်” ဟု ရသေ့တောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှုန်း တဖြည်းဖြည်းမြင့်တက်လာနေ၍ အသိပညာပေးလုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲ ၆ လတာအတွင်း မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးဒဏ်ရာရရှိသူ ၄၀ နီးပါးရှိသည်။