ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ကျဉ်းအပါအဝင် အကျဉ်းသား ၁၀၀ ခန့်ကို AA ကယ်ထုတ်ထား 

အကျဉ်းသားများကို ဘေးလွတ်ရာကယ်ထုတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်သည့် စားဝတ်နေရေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ခြင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

By Admin 31 May 2024

နိုင်ငံရေးအကျဉ်းသား မွတ်ဆလင်များ မိသားစုထံပြန်နိုင်ရေး AA က ငွေကြေးတချို့ထောက်ပံ့နေဉ်။ 
နိုင်ငံရေးအကျဉ်းသား မွတ်ဆလင်များ မိသားစုထံပြန်နိုင်ရေး AA က ငွေကြေးတချို့ထောက်ပံ့နေဉ်။ 

DMG ၊ မေ ၃၁

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ကို သိမ်းပိုက်ပြီးနောက် အကျဉ်းထောင်အတွင်းပိတ်မိနေသည့် နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား ၈၉ ဦးကို ကယ်ထုတ်ကာ လူသားချင်းစာနာမှု အကူအညီများပေးထားကြောင်း AA က မေလ ၃၀ ရက်တွင် ထုတ်ပြန်သည်။ 

အကျဉ်းသားများထဲတွင် မွတ်ဆလင် နိုင်ငံရေးအကျဉ်းသား (၃၁) ဦးပါဝင်ပြီး ကျန်အကျဉ်းသားများမှာ လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ သစ်ခိုးထုတ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ လဝကမှုနှင့် သူခိုးလက်ခံမှု စသည့် ရာဇဝတ်မှုအကျဉ်းသားများ ဖြစ်သည်။ 

အကျဉ်းသားများကို ဘေးလွတ်ရာကယ်ထုတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်သည့် စားဝတ်နေရေးထောက်ပံ့မှုများ လုပ်ဆောင်ခဲ့ခြင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

စစ်ကောင်စီက မရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို မိသားစုများထံ ဘေးကင်းစွာပြန်နိုင်ရေး ငွေကြေးတချို့ ထောက်ပံ့ကူညီပေးခဲ့ကြောင်း AA က ထုတ်ပြန်သည်။ 

ဘူးသီးတောင် မြို့ပေါ်တိုက်ပွဲမဖြစ်ပွားမီက စစ်ကောင်စီသည် အကျဉ်းသားများအား နေရာပြောင်းရွှေ့ခြင်းများ လုပ်ဆောင်ခဲ့သော်လည်း နိုင်ငံအကျဉ်းသားအချို့ကို ချန်လှပ်ထားခဲ့သည်ဟု AA က ဆိုသည်။

လက်ရှိ ကယ်ထုတ်ပေးထားသော အကျဉ်းသားများကို ကျူးလွန်ခဲ့သည့်ပြစ်မှုများနှင့် ကျခံထားပြီး ပြစ်ဒဏ်ကို ပြန်လည်စိစစ်ကာ လုပ်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု AAက ပြောဆိုထားသည်။  

တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံးပန်းများ၊ လက်နက်ချအညံ့ခံသည့် စစ်ဘက်၊ ရဲဘက်နှင့် မိသားစုဝင်များ အပါအဝင် လူပေါင်းထောင်နှင့်ချီကို AA က ထိန်းသိမ်းထားပြီး လူသားချင်းစာနာမှု အကူအညီများပေးထားသည်။

ဗီဒီယိုများ