- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
မြေမြှုပ်မိုင်းနင်းမိ၍ မင်းပြားဒေသခံ လူငယ်တစ်ဦး သေဆုံး
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် AA ထိန်းချုပ်မြို့နယ်များရှိ စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာများ၌ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားသေဆုံးမှုများစွာ ရှိနေသည်။
08 Jul 2024
DMG ၊ ဇူလိုင် ၈
ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ လူငယ်တစ်ဦးမှာ ဇူလိုင် ၇ ရက်က မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သိရသည်။
အသက် ၂၆ နှစ်အရွယ် မောင်ဆန်းသိန်းမှာ ကျေးရွာအနီးတောင်တန်းတွင် ထင်းခုတ်နေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားခြင်း ဖြစ်သည်။
“သူက ထင်းခုတ်ဖို့ဆိုပြီး မနက်စောစောကတည်းက အိမ်ကထွက်သွားတာ။ တောင်ထက်မှာ မိုင်းနင်းမိတာ ၈ နာရီလောက်မှာပါ။ ဘယ်ဖက်ခြေထောက်ပြတ်ပြီး သွေးထွက်လွန်တာကနေ ဆုံးသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် AA ထိန်းချုပ်မြို့နယ်များရှိ စစ်ကောင်စီတပ်စွဲခဲ့သည့် နေရာများ၌ မိုင်းပေါက်ကွဲမှုများကြောင့် အရပ်သားသေဆုံးမှုများစွာ ရှိနေသည်။
မိုင်းအန္တရာယ်ကြောင့် ထိခိုက်သေဆုံးမှုများ မကြာခဏရှိနေ၍ လက်လုပ်လက်စားများ၊ တောတောင်ကိုမှီခို၍ ဝမ်းရေးဖြေရှင်းရသူများအတွက် စိုးရိမ်စရာဖြစ်နေသည်။
“ကျမတို့လို လက်လုပ်လက်စားတွေက ဟင်းရှာငါးရှာလုပ်စားပြီး စားဝတ်နေရေး ဖြေရှင်းနေကြရတာ။ စစ်ဒဏ်ကို ခံရလွန်းလို့ လူတွေကပြားပြားဝပ်နေကြပြီ။ ကိုယ့်ဒေသမှာ တိုက်ပွဲပြီးသွားပြန်တော့လည်း အလုပ်လုပ်ဖို့ အားထားရတဲ့နေရာတွေမှာ မိုင်းပေါက်လိုက်၊ လူသေလိုက်ဖြစ်နေတော့ စားရေးသောက်ရေး ပိုခက်ခဲလာတယ်။ ဟင်းတစ်ဆုပ်စာ၊ ထင်းတစ်စည်းစာအတွက် အသက်ဆုံးရမှာက မတန်ဘူးဆိုပေမယ့် မရှိတော့လည်း အရဲစွန့်ကြရတာပါပဲ” ဟု ဖားပြိုကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။