- ဆီးရီးယားတွင် အလောင်းတစ်သိန်းကျော် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာ တွေ့ရှိ
- စစ်ကောင်စီဖိအားကြောင့် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင် တစ်ထောင်ကျော် အခက်ကြုံ
- ပြည်ရောက် ရခိုင်စစ်ဘေးရှောင်များ ဖိနှိပ်ခံနေရ
- စစ်တွေမြို့တွင် လူမရှိသည့်နေအိမ်များကို စစ်ကောင်စီ ဖောက်ထွင်း
- ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ၍ အမျိုးသားတစ်ဦးသေဆုံး၊ အမျိုးသမီးလေးဦး ဒဏ်ရာရ
ကျောက်တော်တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် မွတ်ဆလင်ကလေးသုံးဦးဒဏ်ရာရ
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ဘွေကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် ၄ နာရီခန့် ကလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်ကလေး (၃) ဦးထိဒဏ်ရာရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။
10 Feb 2020
အာင်ထိန် | DMG
ဖေဖော်ဝါရီ ၁၀ ၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ဘွေကျေးရွာတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ နံနက် ၄ နာရီခန့် ကလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင်ကလေး (၃) ဦးထိဒဏ်ရာရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ကုလားတန်မြစ်အတွင်းရှိ တပ်မတော်ရေယာဉ်မှ လက်နက်ကြီးကျည်များအဆက်မပြတ်ပစ်ခတ်မှုများကြောင့် နေအိမ်တွင် အိပ်နေစဉ်ကျည်ထိမှန်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
“နေဗီကလက်နက်ကြီးတွေနဲ့ပစ်တယ်။ ပစ်တာက အလုံးသုံးလေးဆယ်လောက် ပစ်တယ်။ ကလေးတွေက အိမ်မှာ အိပ်နေကြတယ်။ အဲ့ဒီမှာလက်နက်ကြီးက အိမ်ကိုဖောက်ပြီး ကျလို့ဒဏ်ရာရသွားတာ။” ဟု ၎င်းက ဆိုသည်။
ထို့ကြောင့် မောင်ရာဟင်နာဒိန်(၁၃)နှစ်၊ မဟော်ဟွန်မာ (၁၀) နှစ်၊ မနီရာယာ (၄)နှစ်တို့ ဒဏ်ရာရရှိသွားသည်။
ယခုကဲ့သို့လက်နက်ကြီးပေါက်ကွဲမှုကြောင့် မောင်ရာဟင်နာဒိန်မှာ ဦးခေါင်းဒဏ်ရာ ရရှိသွားပြီး မဟော်ဟွန်မာ တွင် လက်တွင် ဒဏ်ရာရရှိသွားသည်။ ထို့ပြင် မနီရာယာမှာ ခြေတွင်ဒဏ်ရာရှိသွားသည်။
“အကြီးဆုံးကလေးကခေါင်းကွဲသွားတယ်။ အခုထိသတိမရသေးဘူး။ ဒဏ်ရာကပြင်းတယ် သူကသေမလား ရှင်မလား ဆိုတာလည်း မသေမသိရဘူး။ မိသားစုတွေလည်းစိုးရိမ်နေကြတယ်။” ဟုလုံခြုံရေးအရ အမည်မဖော်လိုသူက ဆက်ပြောသည်။
လက်ရှိမှာ ဒဏ်ရာရရှိသူ သုံးဦးအနက် မောင်ရာဟင်နာဒိန်မှာ ဒဏ်ရာပြင်းထန်သည့်အတွက် ကျောက်တော် ဆေးရုံကို ပို့ဆောင်ထားပြီး ကျန်ကလေးငယ်နှစ်ဦးမှာဒဏ်ရာ မပြင်းထန်သဖြင့် မိမိကျေးရွာရှိဆေးခန်းတွင်ဆေး ကုသ ခံယူနေသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG ကဆက် သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။