- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
- တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီလောင်မှု လူ ၂ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
ရှမ်းမြောက်တိုက်ပွဲကြောင့် တရုတ် - မြန်မာကုန်သွယ်ရေးကို လေကြောင်းလမ်းသုံးရန် စီစဉ်နေ
ကုန်သွယ်ရေးအတွက် လေကြောင်းလမ်းကိုအသုံးပြုလျှင် ကုန်ကျစရိတ် များပြားနိုင်သဖြင့် ရေရှည်တွင် အဆင်ပြေမည်မဟုတ်ကြောင်း ကုန်သည်များက ပြောကြသည်။
07 Nov 2023
DMG ၊ နိုဝင်ဘာ ၇
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်ကြောတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ရပ်တန့်နေ၍ တရုတ် - မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် လေကြောင်းလမ်းကို အသုံးပြုရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရသည်။
မြန်မာအမျိုသားလေကြောင်းလိုင်း (MNA) နှင့် ရန်ကုန် - ကူမင်း - ရန်ကုန် လေကြောင်းလိုင်း ခရီးစဉ်အသစ်ကို အသုံးပြု၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ၊ Boeing 737-800 NG လေယာဉ်ဖြင့် တစ်ပတ်လျှင်သုံးကြိမ် ကုန်သွယ်သွားမည်ဟု MNA လေကြောင်းလိုင်းနှင့်နီးစပ်သူထံမှ သိရသည်။
“အခု တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ဂိတ်တွေကလည်း ပိတ်လိုက်ရတယ်ဆိုတော့ ကုန်သည်တွေ မနစ်နာစေဖို့ ဆောင်ရွက်တဲ့သဘောလို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန် - ကူမင်း - ရန်ကုန် ခရီးစဉ်သစ်အတွက် အသွားတစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၂၇၉ နှင့် အပြန်တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၄၆၄ အထိ ကုန်ကျမည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်ရေးအတွက် ဈေးနှုန်းများကို ထုတ်ပြန်ပေးသွားဖြစ်ကြောင်း သိရသည်။
ကုန်သွယ်ရေးအတွက် လေကြောင်းလမ်းကိုအသုံးပြုလျှင် ကုန်ကျစရိတ် များပြားနိုင်သဖြင့် ရေရှည်တွင် အဆင်ပြေမည်မဟုတ်ကြောင်း ကုန်သည်များက ပြောကြသည်။
“အခုလေကြောင်းလိုင်းခရီးစဉ်က လူစီးသပ်သပ်ပဲ အဆင်ပြေမယ်။ ကုန်စည်ကူးသန်းဖို့က အကန့်အသတ်နဲ့ပဲ ပို့လို့ရတာ။ ကုန်ကျစရိတ်ကလည်း ကုန်းတွင်းသယ်ဆောင်စရိတ်ထက် ပိုကုန်မှာဆိုတော့ ကုန်သည်တွေက အရှုံးနဲ့ပဲရင်ဆိုင်ရမှာ”ဟု တရုတ်-မြန်မာ နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည့် ချင်းရွှေဟော်၊ မူဆယ်၊ ရွှေလီတို့မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကုန်သွယ်မှုရပ်ဆိုင်းခဲ့ရကာ ကုန်ပစ္စည်းအမြောက်အများ ပိတ်မိနေကြောင်း ကုန်သည်များထံမှ သိရသည်။
“အခု တိုက်ပွဲဖြစ်နေတာ လုံးဝမရပ်သေးဘူးဆိုတော့ ကုန်ကားတွေက တရုတ်နယ်စပ်ဂိတ်မှာ ထွက်မရဘူး။ တချို့ကျတော့ ကုန်သွယ်ဇုန်မှာ ပိတ်မိနေတာရှိတယ်။ တချို့ကားတွေက လားရှိုးလမ်းမှာပဲ ပိတ်မိနေတယ်” ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းကို လေကြောင်းလမ်းမှတစ်ဆင့် လုပ်ကိုင်ပါက ကုန်ကျစရိတ်မှာ ၅ ဆအထိ မြင့်တက်မည်ဖြစ်သဖြင့် စစ်ကောင်စီအနေဖြင့် ရေရှည်အတွက် စဉ်းစားသင့်ကြောင့် ကုန်သည်များက ပြောကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးမှာ အရှိန်မြင့်လာနေပြီး စစ်ဆင်ရေးလှုပ်ရှားမှုနယ်မြေလည်း တဖြည်းဖြည်းကျယ်ပြန့်လာနေသည်။ ၁၀၂၇ စစ်ဆင်ရေး ၁၂ ရက်တာကာလအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၂၀ ကျော်အထိ သိမ်းပိုက်ထားကာ မြို့ ၈ ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
#D013 #DMG