ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကျ၍ အရပ်သားသုံးဦးဒဏ်ရာရ
26 Apr 2024
စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ ဧပြီလ ၂၅ ရက် ညအချိန်ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
26 Apr 2024
စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ ဧပြီလ ၂၅ ရက် ညအချိန်ပစ်ခတ်သော လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
26 Apr 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ ကူးတို့သည် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဧပြီလ ၂၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
26 Apr 2024
သံတွဲမြို့နယ်၊ ငပလီအခြေစိုက် ခလရ (၅၅)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ပြည့်ဖြိုးဟိန်းနှင့် ဗိုလ်ကြီး ကိုကိုလင်း တို့မှာ ယနေ့ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
26 Apr 2024
လွတ်မြောက်လာသူထဲတွင် သာမန်အရပ်သားများအပြင် စည်ပင်ဝန်ထမ်းနှင့် ပညာရေးဝန်ထမ်းများပါဝင်ပြီး စစ်ကောင်စီထံ ငွေကြေးတချို့ပေးဆောင်ပြီးမှ လွတ်မြောက်လာခြင်းဖြစ်သည်။
26 Apr 2024
ပင်လယ်ကမ်းရိုးတန်းမြို့နယ်များနှင့် ငါးပုဇွန်မွေးမြူရေးကို အဓိကလုပ်ကိုင်သည့် မြို့နယ်များတွင်လည်း စစ်ကောင်စီက ငါးဖမ်းခွင့်ပိတ်ပင်ထားပြီး၊ ငါးပုဇွန်တင်ပို့ခြင်းကို ပိတ်ပင်ထား၍ ရေလုပ်ငန်းလုပ်ကိုင်နေသူများမှာ စားဝတ်နေရေး အဆင်မပြေ ဖြစ်နေကြသည်။
26 Apr 2024
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ဧပြီလ ၂၅ ထုတ် အစီရင်ခံစာတွင် “ရခိုင်ပြည်ရဲ့ ဘူးသီးတောင်မြို့နယ်မှာ အကြမ်းဖက်မှုနဲ့ လူမျိုးရေးတင်းမာမှုအပေါ် စိုးရိမ်စရာတွေ မြင့်တက်လာတာတွေနဲ့အတူ အခြေအနေတွေက ရုတ်ချည်းဆိုးရွားလာနေပါတယ်” ဟု ဆိုသည်။
26 Apr 2024
မင်းဘူး-အမ်း ကားလမ်းတစ်လျှောက်ရှိ ချင်းလူမျိုးများနေထိုင်သော ကျေးရွာများမှ ဒေသခံများကို စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်သားများကိုယ်တိုင် လာရောက်ပြောဆိုခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတစ်ဆင့် ဖိအားပေးခြင်းများ လုပ်ဆောင်နေသည်။
26 Apr 2024
ကျောက်ဖြူမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းများဖြင့် အရပ်သားနေထိုင်ရာများကို ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။
25 Apr 2024
မြို့ပေါ်တိုက်ပွဲ ဖြစ်ပွားလာမည်ကိုစိုးရိမ်၍ စစ်တွေဒေသခံ ၂၀၀ ခန့်မှာ ဧပြီ ၂၀ ရက်က စက်လှေဖြင့်ထွက်ခွာစဉ် ကံ့ကော်ကျွန်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်တားဆီးခဲ့သည်။
25 Apr 2024
စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ ကဇုကိုင်းရှိ ပွိုင့် ၂၉၉ စခန်းအပြင် အခြားတပ်စခန်းများကို AA က တပြိုင်နက်တည်း ထိုးစစ်အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိသည်။
25 Apr 2024
တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်နေမှုအပြင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ပြည်သူများမှာ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်း ဖြစ်သည်။
25 Apr 2024
အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော စစ်ဘေးရှောင်များအတွက် အခြေခံစားသောက်ကုန်များ လိုချက်ရှိသည့်အတွက် ပိတ်ထားခြင်းဖြစ်ကြောင်း ပလက်ဝဒေသခံများက ပြောသည်။
25 Apr 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီ ခမရ (၅၆၅) တပ်ရင်းကို အာရက္ခတပ်တော်(AA) က ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် ဒရုန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ယနေ့တွင်လည်း တိုက်ပွဲများပြင်းထန်နေသည်။
24 Apr 2024
မောင်တောဒေသကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံနေ၍ ပြင်းထန်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။
24 Apr 2024
“ရခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင်ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသည့် ဆုံးရှုံးမှုများကို ပေးဆပ်နေရကာ မွတ်ဆလင်များက ပို၍ အန္တရာယ်ကျရောက်နေသည်” ဟု လူ့အခွင့်အရေးကော်မရှင်နာ Volker Türk က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
24 Apr 2024
မကြာမီအချိန်တွင် မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း နေအိမ်များ ပျက်စီးဆုံးရှုံးသွားသူများမှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် နေအိမ်ပြန်ဆောက်ရန် အခက်အခဲများ ရှိနေကြသည်။
24 Apr 2024
ဧပြီလ ၂၂ ရက်က သံတွဲ - တောင်ကုတ်ကားလမ်း ရွှေလှေကျေးရွာ တံတားဦးဂိတ်တွင် ခရီးသည်တင်ကားတစ်စီးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် လှမ်းပစ်ခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ သေဆုံးပြီး ခရီးသည်အမျိုးသမီးတစ်ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
24 Apr 2024
ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က သစ်ပုံကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အာရက္ခတပ်တော်ကို ကူညီထောက်ပံ့နေသည်ဟုဆိုကာ အိမ်ခြေ ၄၀၀ ခန့်ကို နေရာပြောင်းရွှေ့ရန် ဖိအားပေးစေခိုင်းခဲ့သည်။
24 Apr 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာ(မွတ်ဆလင်)ကျေးရွာမှ ရွာသား ၅ ဦး သတ်ဖြတ်ခံရသည်ဖြစ်စဉ်မှာ အာရက္ခတပ်တော်နှင့် လုံးဝမသက်ဆိုင်ကြောင်း ပြောသည်။
23 Apr 2024
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ စညှင်းကျေးရွာ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ ပွိုင့် ၂၅၃ စခန်းကို အာရက္ခတပ်တော်(AA)က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း ခိုင်လုံသောသတင်းရင်းမြစ်ထံမှ သိရသည်။