၁၀၂၇ ကို ကြိုဆိုကြောင်း ‘၁’ လေးလုံးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုပြုလုပ်

Admin 11 Nov 2023

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်း ယနေ့ကျရောက်သည့် နိုဝင်ဘာလ ၁၁ ရက် (၁၁၊ ၁၁၊ ၂၀၂၃) တွင် တစ်လေးလုံးနေ့ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

လွိုင်ကော်မြို့ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအဖွဲ့များ ဝင်တိုက်၊ မြို့ခံသောင်းချီ ပိတ်မိနေ  

Admin 11 Nov 2023

လွိုင်ကော်မြို့ အဝင်ဂိတ်နှင့် စစ်ကောင်စီ တပ်စခန်းများရှိရာ  ထေးငှားလျား၊ ချိကယ်ရပ်ကွက်၊ ရေယိုကျေးရွာ၊ လွိုင်ကော် စက်မှုဇုန်တို့ ယနေ့ နံနက် ၅ နာရီမှ နံနက် ၉ နာရီခွဲထိ KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြသည်။ 

ကျောက်ဖြူဒေသခံ ၂၃ ဦးကို အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေမှု သုံးလကျော်ကြာလာ 

Admin 11 Nov 2023

“တရားသူကြီးလည်းရောက်တယ်။ ရှေ့နေလည်းရောက်တယ်။ အထက်က အမိန့်မကျသေးတဲ့အတွက် အမိန့်ချလို့မရဘူး ဆိုပြီး ဟိုနေ့ပြောင်း၊ ဒီနေ့ပြောင်း ပြောင်းနေပါတယ်” ဟု တရားရင်ဆိုင်နေရသူ ဦးလှကျော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။  

ရခိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးမှု လျော့နည်း 

Admin 11 Nov 2023

ဆောင်းသီးနှံစိုက်ပျိုးချိန်ဖြစ်သော်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်၍ တောင်သူများမှာ စိုက်ပျိုးဧကကို လျော့စိုက်နေကြခြင်းဖြစ်သည်။ 

ပေါက်တောက သဲခုံရွာတွင် ငွေကျပ်သန်း ၃၀၀ သုံးပြီး ကမ်းထိန်းနံရံပြုလုပ်မည်

Admin 11 Nov 2023

သဲခုံကျေးရွာတွင် မိုးရာသီရောက်တိုင်း ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးများပြိုကျနေသဖြင့် ကျေးရွာမြေဧရိယာ၏ သုံးပုံနှစ်ပုံခန့်မှာ ပျက်စီးဆုံးရှုံးသွားပြီဟု ဒေသခံများက ပြောသည်။ 

ပုဏ္ဏားကျွန်း ဆင်အင်းကြီးရွာသား ၉ ဦး သတ်ဖြတ်ခံရမှုတွင် တရားမျှတမှု ပျောက်ဆုံးနေ

Admin 10 Nov 2023

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာမှ ဒေသခံ ၉ ဦး သတ်ဖြတ်ခံရမှုမှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း တရားမျှတမှု ပျောက်ဆုံးနေဆဲဟု သေဆုံးသွားသူများ၏ မိသားစုဝင်များက ပြောသည်။ 

ရှမ်းမြောက်တွင် လူဦးရေ ၉ သောင်းခန့် အရေးပေါ်အကူအညီ လိုအပ်နေ

Admin 10 Nov 2023

တိုက်ပွဲဖြစ်ပွားနေသော ဒေသများတွင် ခရီးသွားလာခွင့်ပိတ်ပင်ထားပြီး ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေသဖြင့် လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် ပို၍အဟန့်အတားဖြစ်နေကြောင်း UNOCHA က ဆိုသည်။ 

PDF ထိန်းချုပ်နယ်မြေ ကောလင်းတွင် စစ်ဘေးရှောင် ၅ သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ

Admin 10 Nov 2023

ဒေသခံတော်လှန်ရေးအဖွဲ့က ကောလင်းမြို့တွင်းကို ရှင်းလင်းရေးလုပ်နေမှုကြောင့် မြို့တွင်းသို့ ဝင်‌ရောက်ခွင့်အား ယာယီပိတ်ပင်ထားပြီး ဝင်ရောက်ခွင့်ရမည့်နေကို ထုတ်ပြန်ပေးမည်ဟု ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

သံတွဲဒေသခံ ၄ ဦးအမှု စစ်ဆေးပြီးဖြစ်သော်လည်း ၁၀ လကျော်ကြာထိ အမိန့်မချသေး 

Admin 10 Nov 2023

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်သွယ်သည်ဟုဆိုကာ တရားစွဲခံထားရသော သံတွဲဒေသခံ ၄ ဦးအမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီက သက်သေအားလုံးကို စစ်ဆေးပြီးစီး၍ အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သော်လည်း ၁၀ လကျော်ကြာသည့်တိုင် အမိန့်မချဘဲ ရက်ရွှေ့နေကြောင်း သိရသည်။

မဟာမိတ်သုံးဖွဲ့၏ Operation 1027- 3BHA  ဖေ့ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ 

Admin 10 Nov 2023

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်ပတ်သက်၍ တိုက်ပွဲသတင်းများကို ထုတ်ပြန်ပေးနေသော Operation 1027- 3BHA  ဖေ့ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရကြောင်း ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

AA သံသယဖြင့် တရားစွဲခံရသူတစ်ဦးကို အမှုမစစ်ဘဲ ရုံးချိန်းဆိုမှု ၂၇ ကြိမ်ရှိပြီ

Admin 10 Nov 2023

တရားစွဲဆိုခံထားရသူမှာ အသက် ၃၉ နှစ်အရွယ် ကိုမောင်သက်စိုး (ခ) ကိုမောင်ချေဖြစ်ပြီး တရားလိုဘက်မှ ရုံးချိန်းပျက်ကွက်သဖြင့် စစ်တွေမြို့နယ်တရားရုံးက ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၂၇ ကြိမ်ရှိလာပြီဟု မိသားစုဝင်များက ပြောသည်။ 

ကာလုံနောက်ဆက်တွဲ နိုင်ငံအနှံ့ တိုက်ပွဲမြင့်တက်လာနိုင်

Admin 09 Nov 2023

စစ်ကောင်စီသည် နိုဝင်ဘာလ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် တိုက်ပွဲအရှိန် မြင့်တက်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က သုံးသပ်နေကြသည်။

တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေးဆင်နွှဲသွားမည်ဟု မဟာမိတ်သုံးဖွဲ့ထုတ်ပြန် 

Admin 09 Nov 2023

၁၀၂၇ စစ်ဆင်ရေးကြောင့် တိုင်းပြည်ပြိုကွဲသွားနိုင်သဖြင့် နယ်မြေတည်ငြိမ်ရန် လိုအပ်သည့်တုန့်ပြန်မှုများ လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသော်လည်း စစ်ဆင်ရေးအောင်မြင်ခဲ့လျှင် စစ်အာဏာစနစ် ပပျောက်သွားမည်ဟု ပြည်သူများက ယုံကြည်နေကြသည်။ 

စစ်ကောင်စီ ရွေးကော်၏ စည်းကမ်းတင်းကျပ်မှုကြောင့် မြိုတိုင်းရင်းသားပါတီ ဖျက်သိမ်းလိုက်ရ

Admin 09 Nov 2023

စစ်ကောင်စီချမှတ်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဉပဒေသစ်တွင် ပါရှိသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ပါတီများမှာ အလိုအလျောက်ပျက်ပြယ်သွားမည် ဖြစ်သည်။

ရခိုင်တွင် စစ်ရေးလှုပ်ရှားမှုများရှိလာ၍ တိုက်ပွဲဖြစ်မည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေ 

Admin 09 Nov 2023

တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာလျှင် ထပ်မံတိမ်းရှောင်ရန် နေရာမရှိတော့သလို လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက်အန္တရာယ်ရှိလာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ရခိုင်အထိ ကျယ်ပြန့်လာနိုင်

Admin 09 Nov 2023

မြောက်ပိုင်းညီနောင်မဟာမိတ် AA၊ TNLA၊ MNDAA တို့၏ ‘၁၀၂၇’ စစ်ဆင်ရေးလှုပ်ရှားမှုမှာ လက်ရှိတွင် အရှိန်မြင့်တက်နေပြီး စစ်ရေးလှုပ်ရှားမှုနယ်မြေလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။

ရခိုင်တွင် စစ်ကောင်စီ လက်နက်စမ်းသပ်မှု ဆက်တိုက်လုပ်ဆောင်နေ 

Admin 08 Nov 2023

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ် စမ်းသပ်ပစ်ခတ်မှုများ ဆက်တိုက်ရှိလာနေပြီး ယခုရက်ပိုင်းအတွင်း မင်းပြားမြို့နယ်တွင် လက်နက်စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်၍ ရခိုင်တွင် စပါးများကို စောလျင်စွာ ရိတ်သိမ်းနေကြ

Admin 08 Nov 2023

မိုခါမုန်တိုင်းနှင့် ရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကြားထဲမှ စိုက်ပျိုးထားရသော စပါးများမှာ ရင့်မှည့်စပြု၍ ရိတ်သိမ်းချိန်ကာလတွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ပုံမှန်ထက်စောပြီး စပါးရိတ်သိမ်းရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။ 

ကုန်ကြမ်းရှားပါးမှုကြောင့် ရခိုင်က ပရိဘောဂလုပ်ငန်းများ ရပ်တည်ရခက်ခဲလာ

Admin 08 Nov 2023

“သစ်တွေက ပိုက်ဆံရှိလို့ ဝယ်မယ်ဆိုရင်တောင် ဝယ်လို့မရတဲ့အထိ ရှားပါးသွားတာလို့ ပြောလို့ရတယ်။ ပရိဘောဂဆိုင်တွေဆိုတာက သစ်ကုန်ကြမ်းတွေရှိမှ လည်ပတ်နိုင်တာဆိုတော့ ဒီအခြေအနေမျိုးမှာ တော်တော်လေး ခက်ခဲတယ်”

ကယားပြည်နယ်တွင် ၁၁၀၇ စစ်ဆင်‌ရေး စတင်ကြောင်း KNDF ပူးပေါင်းအဖွဲ့ပြော

Admin 08 Nov 2023

မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသဖြင့် နိုဝင်ဘာလ ၇  ရက်ကစပြီး ၁၁၀၇ စစ်ဆင်ရေးကို စတင်ခဲ့ရခြင်းဟု  ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF - ကလလတ)က ထုတ်ပြန်ထားသည်။

Showing 1,241-1,260 of 8,284 items.