ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်၊ မြို့ခံထောင်ချီ ပိတ်မိနေ
01 Dec 2023
“မနက်အစောကြီးထဲက တိုက်ပွဲဖြစ်နေတာ။ ရွာတန်းရှည်၊ နန်းရွှေမှုံရွာနဲ့ ကော့နွဲ့ဘက်မှာ စစ်ကောင်စီတပ်စခန်းတွေ အလံဖြူပြကုန်တယ်လို့ သိရတယ်” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
01 Dec 2023
“မနက်အစောကြီးထဲက တိုက်ပွဲဖြစ်နေတာ။ ရွာတန်းရှည်၊ နန်းရွှေမှုံရွာနဲ့ ကော့နွဲ့ဘက်မှာ စစ်ကောင်စီတပ်စခန်းတွေ အလံဖြူပြကုန်တယ်လို့ သိရတယ်” ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ပြောသည်။
01 Dec 2023
"ဒီစစ်ဆင်ရေးဟာ မြို့သိမ်းတိုက်ပွဲတွေအထိ ဦးတည်တိုက်ခိုက်လာကြတော့ စစ်ကောင်စီကလည်း ဗျူဟာကျကျနဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဒုက္ခပေးနိုင်တယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
01 Dec 2023
မစ္စတာ ဆာဆာကာဝါမှာ ရခိုင်တိုက်ပွဲကာလအတွင်း အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ်ညှိနှိုင်းပေးခဲ့သူဖြစ်သည်။ လက်ရှိ ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးပြင်းထန်နေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။
30 Nov 2023
ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ရခိုင်ပြည်သူများအနေဖြင့် တိုင်းချစ်၊ ပြည်ချစ်စိတ်ဖြင့် ပူးပေါင်းပါဝင်ရန်လိုအပ်သည် ဟုလည်း နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။
30 Nov 2023
နိုဝင်ဘာ ၂၈ ရက်က စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဝန်ထမ်းလုံခြုံရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
30 Nov 2023
သံတွဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ကိုဝင်းမောင်မောင်ဖြိုးအပါအဝင် ဦးစိန်သောင်း၊ ဦးဝင်းမောင်နှင့် ဦးခင်မောင်အေး တို့ကို သံတွဲမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်သည်။
30 Nov 2023
ရခိုင်တိုက်ပွဲဖြစ်စဉ်နှင့် ဒေသတွင်းလုံခြုံရေး အခြေအနေများကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူ စသည့်မြို့နယ်များရှိ ရွှေအရောင်းဆိုင် အားလုံးနီးပါးကို ပိတ်ထားကြသည်။
30 Nov 2023
တတိယအကြိမ် ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၃၀ ရက်ထိ စစ်ကောင်စီ၏ လက်ကြီးပစ်ခတ်မှု၊ သေနတ်ပစ်ခတ်ခံရမှုတို့ကြောင့် သေဆုံးဒဏ်ရာရသူ မွတ်ဆလင် ၂၄ ဦး အထိ ရှိလာသည်။
30 Nov 2023
ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများ တင်းကျပ်လာပြီးနောက် ဒေသခံများ ဖမ်းဆီးခံနေရခြင်းဖြစ်သည်။ ယင်းအထဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများ နှင့် အမျိုးသမီးများလည်း ပါဝင်နေသည်။
29 Nov 2023
တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစပြီး လမ်းပိတ်ထားခြင်းဖြစ်ပြီး ရက်ကြာလာသည်နှင့်အမျှ ဘဏ်များတွင် ငွေနည်းလာသဖြင့် အကန့်အသတ်ဖြင့်သာ ထုတ်ပေးနေရကြောင်း ဘဏ်ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။
29 Nov 2023
နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် အငူမော် - မောင်တော လမ်းရှိ ဗောဓိကုန်း နယ်ခြားစောင့်စခန်းကို AA က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့သည်။
29 Nov 2023
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ်တို့က တိုက်ပွဲများကြောင့် ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ဘေးရှောင် ၅၈,၀၀၀ ကျော် နေရပ်မပြန်နိုင်ဘဲ ကျန်ရှိနေသေးကြောင်း UNOCHA စာရင်းတွင် ဖော်ပြသည်။
28 Nov 2023
စစ်ကောင်စီသည် အဝတောင်ရွာစာသင်ကျောင်းကို နိုဝင်ဘာ ၂၃ ရက်တွင် သေနတ်ဖြင့်လှမ်းပစ်ခဲ့ပြီး နောက်တစ်နေ့တွင်လည်း အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သားများ ရွာသို့ရောက်ရှိလာကာ ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
28 Nov 2023
“ကလေးတွေက ထမင်းစားပြီးလို့ စာသင်ကျောင်းနားမှာ သွားကစားကြတာ။ အဲဒီမှာ ဒရုန်းနဲ့ဗုံးချသွားတာ” ဟု ဒဏ်ရာရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။
28 Nov 2023
အသက် ၂၆ နှစ်အရွယ် မခင်ငြိမ်းငြိမ်းချမ်းမှာ နိုဝင်ဘာလ ၂၂ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး NUG၊ CRPH နှင့် တစ်စုံတစ်ရာ ဆက်စပ်မှုမရှိကြောင်း မိသားစုဝင်များက ပြောသည်။
27 Nov 2023
အမ်းမြို့နယ် တပ်တောင်မြို့၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၊ ပေါက်တောမြို့နယ် မြေငူကျွန်းရှိ ပြိုင်းတောင်၊ ချိုင်ပြင်၊ ကုလားတဲ စသည့်ကျေးရွာများနှင့် မာန်အောင်မြို့နယ် ပြင်ကောက်၊ ကမင်း ကျေးရွာတို့တွင် ဖုန်းလိုင်းပြတ်တောက်မှု ဖြစ်ပေါ်နေသည်။
27 Nov 2023
နေ့စဉ်လူမှုဘဝ ကိစ္စရပ်များတွင် ကူညီပေးနေကြသော လူမှုကူညီရေးအသင်းများ ရပ်တန့်သွားပါက ပြည်သူများ၊ အထူးသဖြင့် တိုက်ပွဲကာလအတွင်း အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရာတွင် အခက်အခဲများစွာ ရှိလာမည်ဖြစ်သည်။
27 Nov 2023
ကျောက်ဖြူမြို့သည် ပယ်လယ်ကျွန်းမြို့ဖြစ်ပြီး စားနပ်ရိက္ခာအတွက် အခြားမြို့နယ်များနှင့် ကျေးလက်ဒေသကို မှီခိုနေရသဖြင့် ကျောက်ဖြူမြို့ရှိ ဆန်အရောင်းဆိုင်များတွင် နိုဝင်ဘာ ၂၁ ရက်မှစ၍ ဆန်ပြတ်လပ်သွားပြီ ဖြစ်သည်။
26 Nov 2023
ကိုင်းကြီးကျေးရွာအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ - နခခ (၄) လက်အောက်ခံတပ်ဖွဲ့ကို AA က နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့သည်။
26 Nov 2023
စစ်ကောင်စီကနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဘဝမ်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အသက် ၇၀ ကျော်အရွယ် ဒေါ်ဦးညွန့်စိန်မှာ ကျည်စထိမှန်ပြီး သေဆုံးသွားခြင်း ဖြစ်သည်။