- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
လောင်စာပူပေါင်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဂါဇာကို အစ္စရေးတို့ လေကြောင်းတိုက်ခိုက်
ဂါဇာဘက်မှ လွှတ်တင်လိုက်သည့် လောင်စာပူပေါင်းများ နိုင်ငံတောင်ပိုင်းတွင် ကျရောက်ကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးဘက်က ဂါဇာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Aug 2021
DMG ၊ ဩဂုတ် ၂၄
ဂါဇာဘက်မှ လွှတ်တင်လိုက်သည့် လောင်စာပူပေါင်းများ နိုင်ငံတောင်ပိုင်းတွင် ကျရောက်ကာ မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးဘက်က ဂါဇာကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သြဂုတ်လ ၂၃ ရက်နေ့က အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်း Khan Younes နှင့် မြောက်ပိုင်း Jabalia မြို့များတွင် သေဆုံးဒဏ်ရာရမှု တစုံတရာမရှိခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခုမှ သိရသည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။ သို့သော်လည်း ပျက်စီးဆုံးရှုံးမှုများတော့ ရှိခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။
အစ္စရေးကာကွယ်ရေးတပ်က ထုတ်ပြန်သည့် ကြေညာချက်၌ အစ္စရေးတိုက်လေယာဉ်များသည် ဟားမက်စ်တို့ လက်နက်ထုတ်လုပ်ရာ နေရာတစ်ခုအပြင် Jabalia ရှိ ဥမင်လိုဏ်ခေါင်း ဝင်ပေါက်ကိုလည်း တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
SheJaiya ရှိ အရပ်သားနေအိမ်များနှင့် စာသင်ကျောင်းတစ်ခုနှင့် နီးကပ်စွာ ဆောက်လုပ်ထားသည့် ဟားမက်စ်တို့၏ ဒုံးကျည်ပစ်လွှတ်ရာ မြေအောက်စခန်းတစ်ခုကိုလည်း တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးဘက် ပြောသည်။
“အစ္စရေးပိုင်နက်ထဲသို့ လောင်စာပူပေါင်းများ လွှတ်တင်တိုက်ခိုက်ခဲ့သည့် ဟားမက်စ်တို့၏ လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း” ဖြစ်ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစ္စရေးသည် ဟားမက်စ်တို့ လောင်စာပူပေါင်း တိုက်ခိုက်မှုများ ပြုလုပ်တိုင်း လေကြောင်းတိုက်ခိုက်မှုများဖြင့် လက်တုံ့ပြန်လေ့ရှိသည်။ လောင်စာထည့်ထားသည့် ပူပေါင်းများ လွှတ်တင်ပြီး တိုက်ခိုက်မှုသည် အစ္စရေးတို့ ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်းဘက်က အသုံးများသည့် တိုက်ခိုက်နည်းတစ်ရပ် ဖြစ်သည်။