- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အစ္စရေးအခြေချအိမ်ရာများနှင့် ဆက်စပ်နေသည့် ကုမ္ပဏီ ၁၁၂ ခုအား ကုလ စာရင်းထုတ်ပြန်
နိုင်ငံတကာဥပဒေကြောင်းအရ တရားမဝင်ကြောင်း သတ်မှတ်ထားသည့် အစ္စရေးအခြေချအိမ်ရာ လုပ်ငန်းများနှင့် ပတ်သက်နေသော ကုမ္ပဏီ ၁၁၂ ခုအား ကုလသမဂ္ဂက စာရင်းထုတ်ပြန်လိုက်သည်။ အဆိုပါ စာရင်းတွင် Airbnb, Booking.com နှင့် Motorola Solutions တို့ကဲ့သို့ နိုင်ငံတကာကုမ္ပဏီကြီးများလည်း ပါဝင်နေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
14 Feb 2020

နိုင်ငံတကာဥပဒေကြောင်းအရ တရားမဝင်ကြောင်း သတ်မှတ်ထားသည့် အစ္စရေးအခြေချအိမ်ရာလုပ်ငန်းများနှင့် ပတ်သက်နေသော ကုမ္ပဏီ ၁၁၂ ခုအား ကုလသမဂ္ဂက စာရင်းထုတ်ပြန်လိုက်သည်။
အဆိုပါ စာရင်းတွင် Airbnb, Booking.com နှင့် Motorola Solutions တို့ကဲ့သို့ နိုင်ငံတကာကုမ္ပဏီကြီးများလည်း ပါဝင်နေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ စာရင်းအပေါ် ပါလက်စတိုင်းတို့က ကြိုဆိုလိုက်ပြီး အစ္စရေးတို့ကမူ အရှက်ရဖွယ်လုပ်ရပ်သာ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။
အစ္စရေးအခြေချ အိမ်ရာများနှင့် ဆက်နွယ်နေသော ကုမ္ပဏီများအား သပိတ်မှောက်ရန်အတွက် ဤစာရင်းအား အသုံးချလာမည်ကို အစ္စရေးအရာရှိများသည် စိုးရိမ်လျက်ရှိသည်။
သိမ်းပိုက်ထားသည့် ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးက ဆောက်လုပ်နေသည့် အခြေချအိမ်ရာများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများအား စာရင်းပြုစုရန် ၂၀၁၆ ခုနှစ်က ချမှတ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ဆုံးဖြတ်ချက် နောက်ဆက်တွဲအဖြစ် ဤအစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကာ့ဇ်ကမူ ကုလ၏လုပ်ရပ်သည် အစ္စရေးနိုင်ငံအား ရန်ပြုလိုသော နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ ဖိအားကို အရှက်ရဖွယ်လိုက်လျောခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။
စာရင်းအနက် ကုမ္ပဏီ ၉၄ ခုသည် အစ္စရေးတွင် ရုံးချုပ်များဖွင့်လှစ်ထားပြီး အခြား ၁၈ ခုမှာ နိုင်ငံ ၆ နိုင်ငံတွင် ရုံးခွဲများ ဖြန့်ကြက် ဖွင့်လှစ်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အနောက်ဘက်ကမ်းခြေနှင့် အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်းလူမျိုး သုံးသန့်ခန့်အကြားတွင် ဂျူးအခြေချနေထိုင်သူ ၆၀၀၀၀၀ ခန့် ဝင်ရောက် နေထိုင်လျက်ရှိပြီး နှစ်ဘက်အုပ်စုကြား တင်းမာမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိသည်။