- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
ဝက်တုပ်ကွေးဒဏ် ခံစားခဲ့ရသည့် ဖိလစ်ပိုင်တွင် ဝက်ကောင်ရေ ၇ သိန်းခန့်အထိ ပြန်လည်တိုးပွား
ဖိလစ်ပိုင်နိုင်ငံ၏ ဝက်မွေးမြူရေးလုပ်ငန်းတွင် ပြီးခဲ့သော ၁၂ လ အတွင်း ဝက်ကောင်ရေ ရ သိန်းခန့်အထိ တိုးပွားလာကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Jan 2022
DMG ၊ ဇန်နဝါရီ ၂၀
ဖိလစ်ပိုင်နိုင်ငံ၏ ဝက်မွေးမြူရေးလုပ်ငန်းတွင် ပြီးခဲ့သော ၁၂ လ အတွင်း ဝက်ကောင်ရေ ရ သိန်းခန့်အထိ တိုးပွားလာကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်တွင် အာဖရိကဝက်တုပ်ကွေးရောဂါ ဖြစ်ပွားပြီးနောက် ၂ နှစ်ခန့်အထိ ဝက်ကောင်ရေ ကျဆင်းခဲ့သော်လည်း ယခု ပြန်မြင့်တက်လာခြင်း ဖြစ်ကြောင်း မွေးမြူရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။
စာရင်းများအရ ပြီးခဲ့သောနှစ်တွင် ဝက်ကောင်ရေ ၉.၁ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၉.၈ သန်းအထိ တိုးပွားခဲ့ကြောင်း သားငါးမွေးမြူရေးဌာန ညွှန်ကြားရေးမှူး ရိုက်ဒရင်မိုရာလက်စ်က ပြောကြားသည်။
ဖိလစ်ပိုင်သည် ကပ်ဘေးကြောင့် ပြည်တွင်းစားသုံးမှုပမာဏ မကျဆင်းမီက ကမ္ဘာ့ သတ္တမမြောက် ဝက်သားအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်သည်။ ကပ်ဘေးကာလတွင် ဝက်သားတင်ပို့မှုကို အများအပြား တိုးမြှင့်ဆောင်ရွက်ခဲ့သဖြင့် ပြည်တွင်းတွင် အသားပြတ်လပ်မှုဖြစ်ပေါ်ခဲ့သည်။
ယခုကဲ့သို့ ဝက်ကောင်ရေတိုးပွားလာမှုသည့် သိသိသာသာများပြားသည့် ပမာဏဖြစ်ကြောင်း ညွှန်ကြားရေးမှူး ရိုက်ဒရင်မိုရာလက်စ်က တရားဝင်အချက်အလက်များကို ကိုးကားပြီး အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
ဖိလစ်ပိုင်တွင် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်ကာလများအတွင်း ဝက်ကောင်ရေအများအပြားကို သုတ်သင်ခဲ့ပြီး အရေအတွက်အားဖြင့် ၃ သန်းကျော်အထိ ရှိခဲ့သည်။
အစိုးရက ရန်ပုံငွေထောက်ပံ့ထားသည့် ကောင်ရေတိုးပွားရေး အစီအစဉ်တွင် ပုဂ္ဂလိကပိုင်းမှ ဦးဆောင်နေရာယူလာနေပြီး လက်ရှိ ဈေးနှုန်းမြင့်တက်နေသည့် ဝက်သားဈေးကွက်အတွက် လိုအပ်သည့်ပမာဏ ထောက်ပံ့နိုင်လျှင် ဈေးနှုန်းများ တည်ငြိမ်အောင် ထိန်းနိုင်မည်ဟုလည်း မိုရာလက်စ်က ပြောကြားသည်။
နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ၄၅ ရွာ၌ ပြီးခဲ့သော ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ဝက်တုပ်ကွေးရောဂါ ကူးစက်မှုများ ရှိနေဆဲဖြစ်သည်။ ဤကူးစက်မှုသည် ၂၀၁၉ တွင် စတင်တွေ့ရှိပြီး ကျေးရွာပေါင်း ၃၅၈၂ ရွာအထိ ပျံ့နှံ့ခဲ့သည့် ကူးစက်မှု၏ အကြွင်းအကျန်များ ဖြစ်ကြောင်း ဖိလစ်ပိုင်သားငါးမွေးမြူရေးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။