- စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ကမန် ၉ ဦးနှင့် ရခိုင် ၁ ဦး သေဆုံး
- သံတွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လက်နက်များဖြင့် ထွက်ပြေးနေကြ
- မိုခါမုန်တိုင်း ၁ နှစ်ပြည့်အချိန်ထိ ရခိုင်ပြည်သူများ နာလန်မထူနိုင်သေး
- ဂွဒေသခံတစ်ဦးကို AA နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီး
- စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော ဒေသခံ ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ကနေဒါတွင် အပူလှိုင်းကြောင့် သေဆုံးသူ ၇၀ နီးပါးရှိ
ကနေဒါနိုင်ငံ ဗန်ကူးဗားဒေသတစ်ဝိုက်တွင် ရင်ဆိုင်နေရသည့် အပူလှိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၆၉ ဦး ရှိနေပြီဖြစ်ကြောင်း ကနေဒါရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားသည်။
30 Jun 2021
DMG ၊ ဇွန် ၃၀
ကနေဒါနိုင်ငံ ဗန်ကူးဗားဒေသတစ်ဝိုက်တွင် ရင်ဆိုင်နေရသည့် အပူလှိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၆၉ ဦး ရှိနေပြီဖြစ်ကြောင်း ကနေဒါရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားသည်။
သေဆုံးသူအများစုမှာ နဂို ကျန်းမာရေးအခံ မကောင်းသူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
“စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သော်လည်း သေဆုံးရသည့် အကြောင်းရင်း အများစုမှာ အပူဒဏ်ကြောင့် ဖြစ်ကြောင်း” တော်ဝင် ကနေဒါရဲတပ်ဖွဲ့ တပ်ကြပ် မိုက်ကယ်ကာလန့်က ကြေညာချက်တွင် ထည့်သွင်းပြောကြားထားသည်။
ပြီးခဲ့သော တနင်္လာနေ့၌ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ လစ်တန်ဒေသတွင် အပူချိန်သည် ၁၁၈ ဒီဂရီဖာရင်ဟိုက် (၄၇.၉ ဒီဂရီဆဲစီးယပ်) အထိ စံချိန်တင် မြင့်တက်ခဲ့သည်။ နောက်နေ့တွင်လည်း ၁၂၀ ဖာရင်ဟိုက်အထိ မြင့်တက်ဦးမည်ကို မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။
အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်း ပေါ့တလန်၊ အော်ရီဂွန်၊ ဆီယက်တဲလ်နှင့် ဝါရှင်တန်တို့တွင်လည်း အပူရှိန်သည် ၁၁၅ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်ခဲ့သည်။ ဤပမာဏသည် မှတ်တမ်းများစတင်ခဲ့သည့် ၁၉၄၀ ကျော်ကာလများနောက်ပိုင်း တစ်ခေါက်မှ မကြုံဖူးသေးသည့် စံချိန်တင်အပူချိန် ဖြစ်ကြောင်း အမေရိကန် အမျိုးသား မိုးလေဝသဌာနထံမှ သိရသည်။
ပြင်းထန်လွန်းသည့် အပူချိန်ကြောင့် ပြီးခဲ့သော သီတင်းပတ်အတွင်း နေရာအနှံ့အပြားတွင် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့ပြီး တနင်္လာနေ့ နံနက်ပိုင်းက ကယ်လီဖိုးနီးယား-အော်ရီဂွန်နယ်စပ်တွင် မီးလောင်မှုကြောင့် နယ်မြေဧက ၁၅၀၀ ခန့် ပျက်စီးခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ဥတုရာသီအပြောင်းအလဲကြောင့် အပူအအေး အလွန်အမင်း ပြင်းထန်ခြင်းများ မကြာခဏဆိုသလို ရင်ဆိုင်နေရသည်။ တိုင်းထွာချက်များအရ ၂၀၁၉ ခုနှစ်သည် ကမ္ဘာတစ်ဝန်းတွင် အပူဆုံးနှစ်ဖြစ်ပြီး ပြီးခဲ့သော ငါးနှစ်လုံးသည် ကမ္ဘာ့အပူအချိန် အပြင်းထန်ဆုံး ငါးနှစ်အဖြစ် စံချိန်တင်ထားသည်။