- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
အီရန်နိုင်ငံတစ်ဝန်း စာသင်ကျောင်း ၂၀၀ ကျော်တွင် ကျောင်းသားများအဆိပ်မိမှု လူအယောက် ၁၀၀ ကျော်ကို ဖမ်းဆီးထားဟုဆို
အီရန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်၍ စာသင်ကျောင်းများတွင် ကျောင်းသူများသည် ကျောင်းဝင်းအတွင်း ဆိုးဝါးသည့် အနံ့တစ်မျိုး ရကာ သတိမေ့ခြင်း၊ အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်းအပါအဝင် အခြားလက္ခဏာများ ခံစားခဲ့ရပြီး အချို့မှာ ဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။
14 Mar 2023

အီရန်နိုင်ငံတွင် စာသင်ကျောင်းများ၌ ကျောင်းသား/သူ ထောင်ပေါင်းများစွာ အကြောင်းရင်းရှာမရဘဲ အဆိပ်သင့်မှုများ ဖြစ်ခဲ့ရခြင်းနှင့် ပတ်သက်၍ ကြံစည်သူ အယောက် ၁၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း အီရန်အစိုးရက ပြောကြားလိုက်သည်။ ကျူးလွန်သူများသည် အစိုးရအဆို ‘ရန်လိုသော’ အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည်ဟုလည်း အစိုးရက ပြောကြားသည်။
အီရန်နိုင်ငံတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစတင်၍ စာသင်ကျောင်းများတွင် ကျောင်းသူများသည် ကျောင်းဝင်းအတွင်း ဆိုးဝါးသည့် အနံ့တစ်မျိုး ရကာ သတိမေ့ခြင်း၊ အော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်းအပါအဝင် အခြားလက္ခဏာများ ခံစားခဲ့ရပြီး အချို့မှာ ဆေးရုံတွင် ကုသမှုခံယူခဲ့ရသည်။
စာသင်ကျောင်းပေါင်း ၂၀၀ ကျော်၌ ထိုကဲ့သို့ ဖြစ်ပျက်ခဲ့သည့်အတွက် ကျောင်းသားများနှင့် မိဘများသည်လည်း ထိတ်လန့်မှု၊ ဒေါသထွက်မှုများ ရှိခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း အီရန်ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင်မီဒီယာက မတ်လ ၁၁ ရက်နေ့ နှောင်းပိုင်းတွင် ကြေညာခဲ့သည်။
“မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် စာသင်ကျောင်းဖြစ်ရပ်များနှင့် ပတ်သက်၍ တာဝန်ရှိသူ ၁၀၀ ကျော်ကို ဖမ်းဆီးကာ စစ်ဆေးလျက်ရှိ” ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဖမ်းဆီးထားသူများတွင် လူထုနှင့်ကျောင်းသား၊ ကျောင်းနှင့်နီးစပ်သူများကို ကြောက်စိတ်သွင်းရန် ရည်ရွယ်ချက်၊ ရန်လိုသောသဘောထားဖြင့် ပြုလုပ်ခဲ့သူများလည်း ပါဝင်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဆက်စပ်နိုင်ခြေရှိသည့် အုပ်စုဟု အစိုးရ၏ ပြောကြားချက်တွင် အယ်ဘေးနီးယားအခြေစိုက် အီရန်ပြည်ပြေး အတိုက်အခံအုပ်စု တစ်ခုလည်း ပါဝင်သည်။ အီရန်အစိုးရက အဆိုပါ အီရန်ပြည်သူ့မူဂျာဟစ် (MEK) အုပ်စုကို အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားသည်။