- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပါကစ္စတန်ခေါင်းဆောင်ဟောင်း မူရှာရက်ဖ် နိုင်ငံတော်သစ္စာဖောက်မှုဖြင့် သေဒဏ်ချမှတ်ခံရ
ပါကစ္စတန် စစ်အာဏာရှင်ဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အထူးခုံရုံးတစ်ရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း BBC နှင့် နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။ မူရှာရက်ဖ်သည် ပါကစ္စတန်တွင် အခြေခံဥပဒေကိုဆန့်ကျင်မှုဖြင့် ခုံရုံးတင်စစ်ဆေးခံရသော ပထမဆုံးစစ်အာဏာရှင် ဖြစ်သည်။
18 Dec 2019
လက်ရှိအချိန်တွင်မူရှာရက်ဖ်သည် ဒူဘိုင်းတွင်ဆေးကုသမှုခံယူလျက်ရှိသည်။ (ဓာတ်ပုံ - BBC)
ပါကစ္စတန် စစ်အာဏာရှင်ဟောင်း ပါဗက်ဇ်မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အထူးခုံရုံးတစ်ရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း BBC နှင့် နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်သည် ၁၉၉၉ ခုနှစ်တွင် စစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက်တွင် ပါကစ္စတန်သမ္မတအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၎င်း၏အမှုကို ၂၀၁၃ ခုနှစ်ကတည်းက အထူးခုံရုံးဖွဲ့ကာ စစ်ဆေးနေခဲ့ခြင်းဖြစ်ပြီး ယခုမှ စီရင်ချက်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ပါကစ္စတန်အာဏာပိုင်များက မူရှာရက်ဖ်ကို ၂၀၁၆ ခုနှစ်တွင် ဆေးကုသရန်အကြောင်းပြချက်ဖြင့် ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းကို ဆိုင်းငံ့ကာဒူဘိုင်းနိုင်ငံသို့ သွားရောက်ခွင့်ပြုခဲ့ရာ ၎င်းသည်လက်ရှိအချိန်ထိလည်း ဒူဘိုင်းနိုင်ငံ၌ပင်ရှိနေသေးသည်။
ယခု ချမှတ်လိုက်သောပြစ်ဒဏ်မှာ မူရှာရက်ဖ်က ၎င်း၏ရာထူးသက်တမ်းကို တိုးမြှင့်ရန်အတွက် အရေးပေါ်စည်းမျဉ်းတစ်ရပ် ပြဋ္ဌာန်းပြီး ၂၀၀၇ ခုနှစ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ခဲ့မှုနှင့် ပတ်သက်လျက်ရှိသည်။
အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်သော မူရှာရက်ဖ်သည် ယခုလအစောပိုင်းက ဆေးရုံကုတင်ထက်မှနေပြီး ဗွီဒီယိုထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကာ ၎င်းကို စွဲချက်တင်ထားသောအမှုမှာ အခြေအမြစ်မရှိဟု ပြောကြားခဲ့သည်။
မူရှာရက်ဖ်သည် ပါကစ္စတန်တွင် အခြေခံဥပဒေကိုဆန့်ကျင်မှုဖြင့် ခုံရုံးတင်စစ်ဆေးခံရသော ပထမဆုံးစစ်အာဏာရှင် ဖြစ်သည်။
မူရှာရက်ဖ်သည် ၂၀၀၇ ခုနှစ်က ၎င်း၏ရာထူးသက်တမ်းကိုတိုးမြှင့်ရန် အခြေခံဥပဒေကို ဆိုင်းငံ့ပြီး အရေးပေါ်စည်းမျဉ်း ကြေညာခဲ့ခြင်းကြောင့် ပြည်သူများကြား ဆန္ဒပြပွဲများ ပေါ်ပေါက်လာပြီးနောက်တွင် စွပ်စွဲပြစ်တင်ခံရခြင်းကိုရှောင်ရှားရန် ၂၀၀၈ ခုနှစ်၌ရာထူးမှနှုတ်ထွက်ခဲ့သည်။
သို့ရာတွင် ၁၉၉၉ ခုနှစ်က စစ်တပ်အာဏာသိမ်းစဉ် ၎င်းဖြုတ်ချခဲ့သော နိုင်ငံရေးပြိုင်ဘက်ဟောင်း နာဝက်ဇ်ရှာရစ်ဖ်က ၂၀၁၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရပြီးနောက် မူရှာရက်ဖ်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်နိုင်ရန် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
မူရှာရက်ဖ်ကို သေဒဏ်စီရင်ချက်ချမှတ်လိုက်ပြီဖြစ်သော်လည်း ၎င်း၏ရှေ့နေများက အယူခံဝင်ဦးမည်ဖြစ်သဖြင့် ၎င်းအား အပြီးသတ်ပြစ်ဒဏ်ချမှတ်ရန်မှာ နှောင့်နှေးဖွယ်ရှိနေသည်။
ထို့ပြင် အကယ်၍ အပြီးသတ်ပြစ်ဒဏ်ချမှတ်ခဲ့သည် ဆိုလျှင်ပင် ယူအေအီးနှင့် ပါကစ္စတန်နိုင်ငံတို့ကြား တရားဝင် တရားခံလဲလှယ်ရေး သဘောတူညီချက်မရှိသဖြင့် ၎င်းအားအပြစ်ပေးရန် တိုင်းပြည်အတွင်းသို့ ပြန်လည်ခေါ်ယူရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။