- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အာဆီယံအထူးကိုယ်စားလှယ် ယခုလကုန်ပိုင်း မြန်မာနိုင်ငံသို့ လာမည်
အာဆီယံအဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် မတ်လ ၂၀ မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။
05 Mar 2022
DMG ၊ မတ် ၅
အာဆီယံအဖွဲ့ကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် မတ်လ ၂၀ မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံသို့သွားရောက်ရန် စီစဉ်ထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။
ပရက်ဆော့ခွန်၏ခရီးစဉ်ကို စီစဉ်နေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနပြောခွင့်ရ ချွန်ဆုန်နရီက ရိုက်တာသတင်းဌာနအား စာဖြင့်ဖြေကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ သို့သော်လည်း သွားမည့်ရက်မှာ မတ်လ ၂၀ မှ ၂၃ ရက်နေ့အထိဖြစ်ကြောင်း ချွန်ဆုန်နရီက အတည်ပြုသည်။
အာဆီယံကိုယ်စားလှယ် လာရောက်ချိန်တွင် မြန်မာနိုင်ငံမှ မည်သူတို့နှင့် တွေ့ဆုံမည်ကိုမူ ချွန်ဆုန်နရီက အသေးစိတ် ဖြေကြားခြင်းမရှိပေ။
အထူးသံတမန် ပရက်ဆော့ခွန်သည် ပြီးခဲ့သည့်လက မြန်မာအာဏာပိုင်များအား အတိုက်အခံများအပါအဝင် သက်ဆိုင်သူများအားလုံးနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့သည်။
မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ်ကကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး၌ မြန်မာ့အရေးဖြေရှင်းရန် ဘုံသဘောတူညီချက် ငါးရပ်ကို သဘောတူခဲ့သည်။
အဆိုပါသဘောတူညီချက်များ၌ ဒုက္ခသည်များအတွက် လူသားချင်းစားနာမှု အထောက်အပံ့များ ပေးအပ်ခွင့်ပြန်ရန်နှင့် သက်ဆိုင်သူအားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရန်တို့လည်း ပါဝင်သည်။
အခြားတစ်ဘက်တွင်မူ အဆိုပါ သဘောတူညီချက်များကို အဓိပ္ပာယ်ရှိရှိ အကောင်အထည်ဖော်ရန် ပျက်ကွက်သဖြင့် မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းသည် အာဆီယံအဖွဲ့၏ အစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ခံထားရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ သိန်းကျော် ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ သိရသည်။
စစ်တပ်၏ အင်အားသုံးနှိမ်နင်းမှုများကြောင့် သေဆုံးရသူ အရပ်သားအရေအတွက်သည် ၁၅၉၇ ဦး ရှိနေပြီဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ဝက်ဘ်ဆိုက်တွင် မတ်လ ၃ ရက်နေ့၌ ဖော်ပြထားသည်။
မြန်မာစစ်တပ်ကမူ အနောက်မီဒီယာများသည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဘက်လိုက်ဖော်ပြမှုများရှိကြောင်း စွပ်စွဲထားသလို စစ်တပ်သည် ပြည်သူများအား ‘အကြမ်းဖက်သမားများ’ ၏ ရန်မှ ကာကွယ်ပေးနေခြင်းဟုဆိုသည်။