- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်ရက် ရွှေ့ဆိုင်း
ဝါရှင်တန်တွင် မတ်လကုန်ပိုင်း၌ ကျင်းပရန်စီစဉ်ထားသည့် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအား ရက်ရွှေ့ဆိုင်းထားပြီး ကျင်းပမည့်အချိန်သစ်ကို အတည်မပြုနိုင်သေးကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။
10 Mar 2022

DMG ၊ မတ်လ ၁၀ ရက်
ဝါရှင်တန်တွင် မတ်လကုန်ပိုင်း၌ ကျင်းပရန်စီစဉ်ထားသည့် အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအား ရက်ရွှေ့ဆိုင်းထားပြီး ကျင်းပမည့်အချိန်သစ်ကို အတည်မပြုနိုင်သေးကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။
“အခုအဆိုပြုထားတဲ့ ရက်တွေမှာ အာဆီယံခေါင်းဆောင်အချို့ တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် ကျင်းပမယ့်ရက်ကို နောက်ဆုတ်ထားပါတယ်” ဟု လက်ရှိအာဆီယံဥက္ကဌ ကမ္ဘောဒီးယား၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ပရက်ဆော့ခွန်က ရိုက်တာသတင်းဌာနသို့ စာဖြင့် အကြောင်းပြန်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအား မတ်လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက အစောပိုင်းတွင် ကြေညာခဲ့သည်။
အာဆီယံ၏ ဆုံးဖြတ်ချက်ကို လိုက်နာသည့်အနေဖြင့် အမေရိကန်ကလည်း မြန်မာစစ်တပ်ခေါင်းဆောင်ပိုင်းကို အစည်းအဝေးသို့ မဖိတ်ဘဲ နိုင်ငံရေးနှင့် မသက်ဆိုင်သူ တစ်ဦးကိုသာ ဖိတ်ကြားသွားမည်ဟု ဝါရှင်တန်က ပြောကြားထားသည်။