- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
သြစတြေးလျကမ်းခြေတွင် သောင်တင်နေသည့် လမ်းပြဝေလငါး အကောင် ၁၀၀ နီးပါး သေဆုံး
သြစတြေးလျအနောက်ဘက်ကမ်းခြေတွင် လာရောက်သောင်တင်နေသည့် ဝေလငါး ၉၇ ကောင်လုံး သေဆုံးသွားပြီဖြစ်ကြောင်း သြစတြေးလျအာဏာပိုင်များက ပြောကြားသည်။
27 Jul 2023
သြစတြေးလျအနောက်ဘက်ကမ်းခြေတွင် လာရောက်သောင်တင်နေသည့် ဝေလငါး ၉၇ ကောင်လုံး သေဆုံးသွားပြီဖြစ်ကြောင်း သြစတြေးလျအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စုစုပေါင်း ၉၇ ကောင်ပါဝင်သည့် ဆူးတောင်ရှည် (Pilot Whale) လမ်းပြဝေလငါးအုပ်ကြီးသည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာရှိ ချေနပ်ကမ်းခြေရှိ ရေတိမ်ပိုင်းတွင် လာရောက်သောင်တင်နေခြင်း ဖြစ်သည်။ အင်္ဂါနေ့က ရောက်ရှိလာသည့် အဆိုပါငါးအုပ်ထဲမှ အများအပြားမှာလည်း သဲပြင်ပေါ်၌ တင်ကျန်နေခဲ့သည်။
၎င်းတို့အနက် ၅၁ ကောင်သည် နောက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့သည်။ ကျန်ခဲ့သော ငါးများကို ကယ်ဆယ်ရန် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဌာနမှ ဝန်ထမ်း ၁၀၀ ခန့်အပြင် စေတနာ့ဝန်ထမ်း ၂၅၀ ခန့်ကပါ ဗုဒ္ဓဟူးနေ့တစ်နေ့လုံး ဝေလငါးများကို ရေနက်ပိုင်းထဲသို့ ဆွဲထုတ်ပေးခဲ့ကြသည်။
“သူတို့ကို ရေနက်ပိုင်းထဲကို ဆွဲထုတ်ခဲ့ပေမယ့် ကမ်းခြေကိုပဲ ပြန်ပြန်ရောက်လာကြတယ်” ဟု သဘာဝဧရိယာနှင့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေး ဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားသည်။
နောက်ဆုံး၌ အဆိုပါဝေလငါးများကို ထိုးဆေးသုံးပြီး ဇီဝိန်ခြွေပေးရန် ဆုံးဖြတ်ခဲ့သည်။
ဝေလငါးများ အုပ်စုလိုက် သောင်တင်ခြင်းမျိုးသည် မကြာခဏဆိုသလို ဖြစ်လေ့ရှိပြီး အဘယ်ကြောင့် ဖြစ်ရသည်ကို ပညာရှင်များသည် ရှင်းရှင်းလင်းလင်း အဖြေမထုတ်နိုင်ကြသေးပေ။